Unicode
"မေမုန်းမာန် မေမုန်းမာန် ငါခေါ်နေတာ ဘာလို့မထူးတာလဲ"
"ကျစ် ဘာလဲဟာ"
"သဲငယ်ကို နင်ခေါ်သွားတယ်ဆို ဘာတွေဖြစ်ကြတာလဲ"
"သူမလိမ္မာလို့ ဆုံးမမလို့လေ"
"သူ့ကိုဆုံးမတာက အေးအေးဆေးဆေးပြောလို့ရတယ် အခုလို လူရှေ့မှာ ဆွဲခေါ်တာတော့မကောင်းဘူးနော် မေမုန်းမာန်"
"ငါလုပ်ချင်တာ လုပ်မှာပဲ ၊Rosey သူက ငါရဲ့ အုပ်ထိန်းမှု အောက်မှာရှိတဲ့လူပဲ"
"နင်ကလေ ပြောမရဆိုမရပဲ မေမုန်းမာန် ဒါနဲ့ သဲငယ် ဘယ်မှာလဲ ငါဝင်လာထဲက မတွေ့ဘူး အပေါ်မှာလား"
မေမုန်းမာန် မေးတာကို မဖြေပဲ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး သောက်နေသည်
"ဟဲ့ ငါမေးနေတယ်လေ"
"မြေအောက်ခန်းမှာ"
"နင်ရူးနေတာလား သူ့ကိုအဲ့မှာထည့်ထားစရာလား"
ပြောပြီး Roseyအမြန် မြေအောက်ခန်းကို ဆင်းသွားတော့သည် မေမုန်းမာန်ကတော့ ဆေးလိပ်သောက်ပြီး ကျန်နေခဲ့သည်
-----------------------------------------------------------
သဲငယ် အေးတဲ့ဒဏ်ရော တစ်ယောက်တည်းနေရတာ ကြောက်တာကြောင့်ရော အသားတွေ တုန်ရီနေသည် မြေအောက်ခန်းဆိုတဲ့ အတိုင်း ဘယ်နေရာကြည့်ကြည့် အလင်းရောင်မတွေ့ အကုန်မဲမှောင်နေသည်"သဲငယ် သဲငယ် သဲငယ်"
"မမ မမRosey သဲငယ်ကြောက်တယ် သဲငယ်ကို အပြင်ထုတ်ပေးပါနော်"
"ထုတ်ပေးမယ်နော် သဲငယ် မကြောက်နဲ့နော် တို့ဖွင့်ပေးမယ်"
သဲငယ်အသံတွေက ငိုသံပါရောပြီး တုန်ရီနေသည် ကြောက်နေမှန်း သိသာသည်
"သော့လည်းမရှိပါလား အရေးထဲ"
"သဲငယ် ခနလေးစောင့်နော် တို့သော့သွားယူလိုက်အုံးမယ်" Rosey,အိမ်ပေါ်ကို အမြန်ပြန်ပြေးလာသည်
"ဘာဖြစ်လာတာလဲ" မေမုန်းမာန် ဆေးလိပ်ကို ဖွာရင်း မေးလိုက်သည်
"သော့ရော သော့ဘယ်မှာလဲ"
"အဲ့မှာပဲလေ"
![](https://img.wattpad.com/cover/357384724-288-k488023.jpg)
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Saggistica"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" "ဟုတ်ကဲ့ သဲငယ်သိပါတယ် မမမုန်း သဲငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူး ဟို သဲငယ်ကျောင်းတက်ဖို့ပြင်ရအုံးမှာမို့လို့ ခွင့်ပြုပါအု...