part 10 (uni+zaw)

6K 153 0
                                        

Unicode

       "အခုသေချာစားကြည့်မှ အဲ့လောက်လည်းမကောင်းပါဘူး သာမာန်ပါပဲ" မကောင်းပါဘူးဆိုပြီး အကုန်စားသွားသော မမမုန်းရယ်ပါ

    "ဟိုခ‌လေးမ အပေါ်ထပ်ကအခန်းကို ရှင်းထားလိုက်"

     "ဟုတ်ကဲမမမုန်း ဘယ်သူလာမှာလဲဟင်"

      "Roseyလာလိမ့်မယ်"

       "ရေး ပျော်လိုက်တာ မမRoseyလာ
မယ်တဲ့"

       "Roseyလာတာကို အဲ့လောက်ပျော်တာလား"

        "အဲ့ဒါကလေ မမမုန်း ဟို"သဲငယ်ဖြေဖို့စဉ်းစားနေသည် မမမုန်းကအေးအေးဆေးဆေးနဲ့မေးနေတဲ့ပုံက မုန်းတိုင်းမကျခင်‌ လေငြိမ်နေသလို ခံစားနေမိတာကြောင့်ပင်

       "ဖြေစရာမလို‌တော့ဘူး ထားလိုက်တော့ ငါအဲ့လောက်လည်း စိတ်မဝင်စားဘူး ငါအလုပ်သွားတော့မယ်"

      "ဟုတ်ကဲ့ မမမုန်း" မမမုန်းသွားတော့မှ အသက်ဝဝရှူရဲတော့တယ် အိပ်နေတဲ့အချိန်ကျတော့ နတ်သမီးလေးလိုပဲ အခုလိုကျတော့ စုန်းမလိုပဲ ကြောက်စရာကောင်းလိုက်တာ

   Company ရောက်ပြီးသိပ်မကြာခ မေမုန်းမာန် ဖုန်းခေါ််လိုက်သည်။

       "ဟဲလို ရော့စ်"

       "ဟုတ်ကဲ့မမလေး "

       "ငါ့သူငယ်ချင်းRosey ဒီညနေဖလိုက်နဲ့ ပြန်လာလိမ့်မယ် ငါမအားလို့ မင်းသွားကြိုလိုက် "

      "ဟုတ်ကဲ့ပါ မမလေး"

ရော့စ်က‌မေမုန်မာန်ရဲ့ လူယုံ3ယောက်ထဲက တစ််ယောက်ပင် ကျန်နှစ်ယောက်က မင်းနောင် နဲ့ နေရဲ သူတို့က မေမုန်းမာန်ခိုင်းရင် သေရဲသတ်ရဲတဲ့ လူ‌တွေပင် မေမုန်းမာန်က တရားမဝင်တဲ့ အလုပ်မလုပ်ပေမဲ့လည်း သူကိုတစ်ခုခုလုပ်ရင် ငြိမ်ခံတတ်တဲ့ လူမျိူး‌ေတာ့မဟုတ် လိုအပ်လို့လုပ်တဲ့ ခြိမ်းခြောက်လူသတ်တာမျိုးတွေဆိုရင် သူတို့သုံးယောက်က မပါမဖြစ်ပင်

      "မRoseyလားဗျ"

      "ဟုတ်တယ် ဘာကိစ္စရှိလို့လဲ"

       "မမလေးလာကြိုခိုင်းလို့ပါ"

       "မမလေး  မေမုန်းမာန်လား"
  
       "ဟုတ်ပါတယ် မမလေးအလုပ်မအားလို့ ကျွန်တော်ကိုလွှတ်လိုက်တာပါ
 
      "ဒီမေမုန်းမာန်ကတော့ ငါ့ကိုသူကိုယ်တိုင်တောင်လာမကြိုဘူး အိမ်ကျမှတွေ့မယ် သွားရအောင်"

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now