Unicode
"ဟင် မမမုန်း "
သဲငယ်အိပ်နေတုန်း နောက်ကျောက အဖက်ခံလိုက်ရသလို ခံစားရတာကြောင့် နိုးလာမိသည် နောက်ကိုလှည့်ကြည့်လိုက်တော့ တွေ့လိုက်ရတာက ငယ်သိပ်ချစ်ရတဲ့ မမမုန်း
"ငယ်အခန်းကို ညဘက်ကြီးလာတာ ခိုင်းစရာတစ်ခုခုရှိလို့လား"
"တို့ ဟန်နီခင်ကို အိမ်ကထွက်သွားခိုင်းလိုက်ပြီ"
"ရှင် ဘာလို့လဲ"
သူ့ကိုကျောပေးအိပ်နေရာကနေ မျက်နှာချင်းဆိုင်ဘက်ကို လှည့်လာပြီး အံ့ဩနေတဲ့ပုံလေးနဲ့
"ငယ်ဆိုတဲ့ မင်းလေးကြောင့်ပေါ့ နာနေသေးလား"
ငယ်ရဲ့ပါးလေးကို ခပ်ဖွဖွလေးပွတ်ပေးကာ မေးနေသည်
"ငယ်ကို နာကျင်အောင်လုပ်တဲ့သူကို ခွင့်လွှတ်မပေးနိုင်ဘူး"
"ငယ့်ပါးက မတော်တဆဖြစ်"
"တို့ကိုလိမ်မပြောတော့နဲ့ အမှန်တရားကဘာလဲဆိုတာ တို့သိတယ်"
နှုတ်ခမ်းကို လက်ညိုးဖြင့် ထိကာပြောလာသည် နှစ်ယောက်စလုံး စကားသံများပျောက်ကွယ်ကာ မျက်ဝန်းချင်းဆုံနေမိသည် ခနကြာတော့ ရှက်လာမိတဲ့ ငယ်ဘက်ကပဲ စကားစပြောလိုက်သည်
"မမမုန်း အခုကအိပ်ချိန်ရောက်နေပြီလေ"
"အင်း အဲ့တော့"
"အခန်းပြန်မအိပ်ဘူးလား"
"အခန်းထဲမှာ ကြွက်တွေ့တယ် အဲဒါတို့မအိပ်ရဲလို့ ဒီညငယ်အခန်းမှာပဲ အိပ်မယ်"
ပြောပြီး ပိုတိုးကာတင်းကျပ်စွာဖက်ထားတော့သည်
"မမမုန်း အရင်က ဘာမှမကြောက်တတ်ဘူးမလား"
"အင်း အခုမှ ကြောက်တတ်သွားတာ"
"ဟမ်"
"တို့အိပ်ချင်နေပြီ အိပ်တော့"
သူ့ကို အူကြောင်ကြောင် ကြည့်လာတဲ့ ငယ်က သူ့ရဲ့ သမာဓိအားကို စမ်းသလို ဖြစ်နေတာကြောင့် မျက်လုံးမှိတ်ကာ အမြန်အိပ်ဖို့ကြိုးစားလိုက်ရသည် ကြာလာလို့ မထိန်းနိုင်ရင် ခက်တော့မည် နှစ်ယောက်စလုံးအတွက် ဒီညဟာ ရင်ခုန်သံတွေကို နားထောင်ရင်း အိပ်ရတဲ့ ညလေးပင်
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasy"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
