part 11 (uni+zaw)

5.7K 144 0
                                        

Unicode

    "wow မြန်မာနိုင်ငံက တိုးတတ်လာလိုက်တာ အရင်တစ်ခေါက် လာတုန်းကထက်ကို "
Roseyတစ်ယောက် မြို့အနှံ့လျှောက်လည်နေရင်း shopping ထွက်နေသည်

    "ဘုတ် အာ့" ဆိုင်တွေကိုငေးရင်း လူတစ်ယောက်ကို ဝင်တိုက်မိလိုက်သည် တဖက်ကတော့ တိုက်တဲ့အရှိန်နဲ့ ဖင်ထိုင်ရက်ကျသွားလေသည်

    "ဒီမှာ ရှင်လူတစ်ယောက်လုံးလာတာတောင် မမြင်ဘူးလား"

သူ့ကို့ ရန်တွေ့နေတဲ့ ကောင်မလေးကို သေချာကြည့်မိလိုက်သည် ရိုးရိုးယဉ်ယဉ်လေးနဲ့ လှတယ်ဆိုတာ ဒါမျိုးကိုပြောတာထင်သည် မြန်မာထဘီရင်ဖုံးလေးနဲ့ အရမ်းကိုလှရက်တဲ့ ကောင်မလေး

    "Oh sorry တို့ မမြင်လိုက်မိဘူး ဘယ်နားနာသွားသေးလဲ" လို့မေးပြီး လက်ကမ်းပေးလိုက်သည် ဒါပေမဲ့ သူမရဲ့ လက်အစား သူမရဲ့ မျက်စောင်းလှလှလေးတွေတော့ရလိုက်တယ် သူ့ဘာသာရအောင် ထပြီးထွက်သွားလေသည် Roseyကတော့ သူမလေးမြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ငေးကြည့်နေမိသည်

    "နာမည်လေးတောင် မမေးလိုက်ရဘူး ရပါတယ် ကောင်မလေး‌ရယ် တို့‌တွေနောက်ထပ်တွေ့ပြီး မင်းလေးက တို့ရဲ့ကောင်မလေး ဖြစ်ကိုဖြစ်လိမ့်မယ်လို့ တို့ထင်နေတယ်"

အိမ်ပြန်ရောက်တော့ Roseyတစ်ယောက် မှိုရသလို မျက်နှာက ပြုံးဖြီးဖြီးဖြစ်နေသည်

    "ဘာတွေအူမြူးနေတာလဲ" မေမုန်းမာန် မေးလိုက်သည်

   "ဒီနေ့ကောင်မလေးတစ်ယောက် တွေ့လာတာ ချစ်စရာလေး သူမကငါရဲ့ ပျောက်ဆုံးနေတဲ့ နံရိုးတစ်ချောင်းပဲ"

    "နင့်ရဲ့ ပျောက်နေတဲ့ နံရိုးကများလှချည်လား Rosey"

    "ငါဒီတစ်ခါတကယ်ပြောနေတာ မေမုန်းမာန်ရဲ့"

    "ဟုတ်ပါပြီ" မေမုန်းကတော့ Roseyကိုမယုံပေ

တနင်္နွေနေ့ဆိုတော့ မေမုန်းမာန်ရုံးပိတ်သည် မေမုန်းမာန်စောစောနိုးနေသည် ဆက်အိပ်မရလို့ အောက်ဆင်းလာပြီး မီးဖိုချောင်ဘက်ရောက်လာသည် မီးဖိုချောင်ထဲမှာတော့ ခလေးမကဟင်းချက်နေတာကို သူ့တော်တော်က တံခါးဝကကြည့်နေမိသည် ခလေးမကတော့ သတိတောင် မထားမိ‌ပေ

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now