Unicode
"ငါ့တို့ကိုမသတ်ပါနဲ့ တောင်းပန်ပါတယ်"
"အဲ့လိုတောင်းပန်လိုက်တမ်းလွတ်မတဲ့လား ဦးအာကာစိုး ခင်ဗျားကြီး ကျွန်မမိဘတွေကိုသတ်တုန်းကရော လွှတ်ပေးခဲ့လို့လား"
မေမုန်းမာန်သူ့ရှေ့မှာ သူကိုယ်သူပြန်မြင်နေရသည် ပြီးတော့ ကားအောက်မှာပိနေတဲ့ သဲငယ်ရဲ့ မိဘတွေဖြစ်တဲ့ ဦအာကားစိုးတို့လင်မယားကိုရော။ ကားဆီမှ ဓာတ်ဆီများအောက်ကိုကျနေသည်ကြည့်ပြီး မေမုန်းမာန်ဆေးလိပ်ကို ညှိလိုက်ကာ ဖွာလိုက်သည် ပြီးတော့ ဆေးလိပ်ကို ဖြည်းဖြည်းချင်းချကာ အောက်ကိုလွှတ်ချတော့မယ်ပုံပင်
"မေမုန်းမာန် ရပ်လိုက်ပါ မလုပ်နဲ့နော် မေမုန်းမာန် နင်အခုလုပ်မယ့်အရာက နင့်ဘဝအတွက်အကြီးမာဆုံးနောင်တရစရာဖြစ်လိမ့်မယ် မလုပ်နဲ့"
တားလည်းမကြားသည့်ပုံပင် သူကအိမ်မက်ထဲမှာ ပုံရိပ်သာဖြစ်နေသည် လွှတ်ချလိုက်တဲ့ဆေးလိပ်ကို လှမ်းဖမ်းပေမဲ့ လက်ကိုဖောက်ထွက်ကာ မြေကြီးပေါ်ကိုကျကာ ကားပေါက်ကွဲသွားတော့ မေမုန်းမာန် လန့်နိုးလာခဲ့သည် အိပ်မရတဲ့အဆုံးအောက်ကိုဆင်းလာခဲ့သည်
"နင်မအိပ်သေးဘူးလား"
"ငါအိမ်မက်မက်ပြီး အိပ်မပျော်တော့တာနဲ့ ထလာလိုက်တာ နင်ရောမအိပ်သေးဘူးလားRosey"
"ငါကတစ်ရေနိုးသေးထပေါက်တာ နင်ဘာအိပ်မက် မက်တာလဲ"
"ဦးအာကာစိုးတို့ကို သတ်တုန်းကအချိန်ကို ငါ အိမ်မက်ထဲက ငါ့ကိုတားဖို့ကြိုးစာပေမဲ့ တားလို့မရခဲ့ဘူး Roseyရာ"
"အတိတ်က ပြင်ဆင်မရပေမဲ့ အနာဂတ်ကတော့ ငါ့တို့ပိုကောင်းအောင်လုပ်ကြတာပေါ့ နင်လည်းအိပ်တော့မေမုန်းမာန် နင်ပိန်သွားတာ သိရဲ့လား နင်တစ်ခုခုဖြစ်ရင်သဲငယ်ကို ဘယ်သူကဂရုစိုက်စောင့်ရှောက်မှာလဲ ဟမ်"
"အေးပါ ငါသွားအိပ်တော့မယ်"
-----------------------------------------------------------
"သား မင်းကိုအသေဆိုးနဲ့သေအောင်လုပ်တဲ့အဲ့မိန်းမ ငါ့သားခံစားရသလို သုပြန်ခံစားစေရမယ် အဖေဂတိပေးတယ်သား
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasía"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
