part 12(uni+zaw)

2.3K 69 0
                                    

Unicode

"မင်း မင်းက တို့နဲ့ ဝင်တိုက်တဲ့ကောင်မလေးမလား" Roseyဝမ်းသာသွားသည် သူဝင်တိုက်မိတဲ့ ကောင်မလေးက သဲငယ်သူငယ်ချင်းတဲ့လား

"မမRosey သူက သဲငယ်သူငယ်ချင်း သင်းယုမော်"

"ထပ်တွေ့ရတာ ဝမ်းသာပါတယ်နော် နောက်လည်း အမြဲတွေ့ချင်ပါတယ် တို့နာမည်က Rosey "

"မတွေ့ချင်ပါဘူး ဟွန့် သွားမယ်သဲငယ်" သဲငယ်လက်ကို ဆွဲကာထွက်သွားတော့သည်
Rosey တစ်ယောက် တစ်ခြားလူတွေအပေါ် ချေမိုးခဲ့သလောက် ဒီကောင်မလေးနဲ့မှ ပြန်ခံနေရပါပြီ ‌

"အခုတော့ နေနှင့်အုံးပေါ့ ကောင်မလေးရေ မင်းလေးက တို့အပိုင်လေးဖြစ်ကိုဖြစ်ရမယ် မွ"
မော်ကတော့ မမြင်ပေမဲ့ Roseyကတော့ ထွက်သွားတဲ့ သူ့မ‌ကို ဖလိုင်းကစ်တွေပေးနေတော့သည်

"လိုက်မလာလို့ တော်သေးတယ်" အခန်းထဲရောက်တော့မှ မော်စိတ်အေး‌သွားရသည်

"သဲငယ် အဲ့ဒီ အမနဲ့ နင်နဲ့ကဘာတော်လဲ"

"မမမုန်းရဲ့ သူငယ်ချင်းလေ"

"နင်မမမုန်းက တည်သလောက် သူနဲ့ တခြားစီပဲ စကားပြောတာက ပိုင်စိုးပိုင်နင်းနဲ့ " မော်ပြောနေတာကိုကြည့်ပြီး သဲငယ်ကတော့ရီနေလေသည်

"ဘာရီနေတာလဲ ပြော"

"နင့်ကို မမRosey,က crushနေတဲ့ပုံပဲ ငါသဘောတူတယ်သိလား ယောင်းမ"

"ဘာ ဘာကိုယောင်းမလဲ"

"မမRoseyကငါ့အမလိုပဲဆိုတော့ ယောင်းမပေါ့လို့ "

"အဲ့လို မခေါ်နဲ့"

"ခေါ်မှာပဲ ယောင်းမရေ"

"မခေါ်ပါနဲ့တို သဲငယ်နော်" ရှုက်ရမ်းရမ်းပြီး သဲငယ်ကို လိုက်ရိုက်နေသည်

"သဲငယ် "မော် အလန့်တကြားနဲ့ ခေါ်လိုက်သည် အကြောင်းကတော့ သဲငယ်ပြေးရင် လှေကားထစ် ပြုတ်ကျမလိုဖြစ်သွားတယ် ကံကောင်းတာက ကိုထွန်းနောင်က လှမ်းဆွဲလိုက်တာကြောင့် အောက်ကို ပြုတ်မကျသွားပဲ ကိုထွန်းနောင် ရင်ခွင်ထဲကို ရောက်သွားတော့သည် သဲငယ်လည်း ကိုထွန်းနောင် ရင်ခွင်ထဲက အမြန်ရုန်းထွက်လိုက်သည် ထွန်းနောင်ကတော့ လွှတ်‌မပေးချင်တဲ့ပုံပင်

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now