Unicode
"အဟွတ် အဟွတ် ဘာနံ့တွေလဲ မွန်လိုက်တာ"
အမွှေးနံ့တွေကြောင့် မေမုန်းမာန်ငြီးငြူးမိရတဲ့အထိပင်"ဟဲ ဟဲ ငါရေမွှေးဆွတ်တာ နည်းနည်းများသွားတဲ့ပုံပင်"
"နည်းနည်းမဟုတ်ဘူး တစ်ဗူးလုံးကုန်ပြီတောင် ထင်နေတာ"
"နှစ်တစ်ထောင်FAတွေကတော့ ချစ်ရတဲ့လူနဲ့ ချိန်းတွေ့ဖို့ ပြင်ဆင်ရတာတွေကို ဘယ်နားလည်ပါ့မလဲ"
"နင်ကတော့နော် သူငယ်ချင်းအရင်းကြီးမို့လို့ မဟုတ်ရင် သတ်ပြီးလမ်းဘေးပစ်ထားလိုက်ပြီ"
"နင်ကလည်း စိတ်ကြီးပဲ ငါကစတာကို ဟီး"
Roseyစသာ စရပေမဲ့ မေမုန်းမာန်ကိုတော့ ကြောက်တယ် ဒါကြောင့် မျက်နှာချို ပြန်သွေးနေရသည်"ငါ့အနားလာမကပ်နဲ့ ခေါင်းမူးတယ် သွားစရာရှိတာသွားတော့"
"မေမုန်းမာန် ငါစေတနာနဲ့ တစ်ခုတော့ပြောချင်တယ်"
"ကြီးကြီးကျယ်ကျယ်နဲ့ ဘာလဲပြော"
"နင် ဖြစ်သင့် မဖြစ်သင့်တာတွေ မာနတွေကို ဘေးဖယ်ပြီးတော့ လွတ်လွတ်လပ်လပ်နေကြည့်ပါဟာ နင်ဦးနှောက်နဲ့ ဆုံးဖြတ်တာ ငယ်ငယ်လေးတည်းက အခုထိပဲ တစ်ခါလောက်ပဲဖြစ်ဖြစ် နှလုံးသားကို ဦးစားပေးလိုက်ပါဟာ"
"ဟင်း..." မေမုန်းမာန်သက်ပြင်းအရှည်ကြီးချလိုက်မိသည်
"နင်ကိုဆုံးမနေတာနဲ့ ငါ့ချစ်ချစ်နဲ့တွေ့ဖို့ နောက်ကျတော့မယ် သွားပြီ နှစ်တစ်ထောင်FAရေ"
"နင် နင်ပြန်လာမှတွေ့မယ် Roseyမ"
ပြောချင်ရာပြောပြီး ပြေးသွားတာ စူပါလျှပ်စီးကျနေတာပဲ ဒါပေမဲ့ မှန်နေတာပဲလေ"ငါ နှလုံးသားနောက် လိုက်သင့်ပြီလား"
-----------------------------------------------------------
မော်နဲ့ 6နာရီချိန်းထားပေမဲ့ 5ခွဲတည်းက ရောက်နေကာ သူမလာတာကို စောင့်နေမိသည် နာရီကိုကြည့်တော့ 6နာရီတီးပြီ"မော် လာမှာတော့ ဟုတ်ပါတယ်နော် ငါကိုတော့ မပလေးလောက်ပါဘူး"
သူကပလေးနေကျဆိုတော့ ဝဠ်လည်မှာတော့ တကယ်ကြောက်မိသည် တွေးနေတုန်း လာပါပြီ Roseyရဲ့ နတ်သမီးလေး
![](https://img.wattpad.com/cover/357384724-288-k488023.jpg)
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Non-Fiction"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" "ဟုတ်ကဲ့ သဲငယ်သိပါတယ် မမမုန်း သဲငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူး ဟို သဲငယ်ကျောင်းတက်ဖို့ပြင်ရအုံးမှာမို့လို့ ခွင့်ပြုပါအု...