Unicode
"ရပါတယ် ညီမတို့လည်းမကြည့်မိလိုက်လို့
ဖြစ်တာပါ"
"တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ဘူးဆိုမှတော့လည်း ခင်မင်ဖို့အတွက် ကံကြမ္မာက တွေ့ဆုံခွင့်ပေးလိုက်တယ်လို့ သဘောထားလိုက်ရအောင် ညီမတို့ ကန်တင်းသွားကြမှာမလား အကိုတစ်ခုခုဝယ်ကျွေးပါရစေ"
"ရပါတယ် အကို ညီမတို့မစားတော့ပါဘူး"
သဲငယ်ငြင်းမိသည် ဘာလို့လဲဆို့တော မမမုန်းက ရှုပ်ရှုပ်လုပ်တာကို သိပ်မကြိုက်ပေ
"သဲငယ်ကလည်း ဒီကအကိုက သူကျွေးပါရစေလို့ ခေါ်နေတာပဲ လိုက်သွားရအောင်ပါ နော် နော်လို့" မော်ကလည်းပြောနေတော့ သဲငယ်မလိုက်ရင်လည် မာနကြီးရာကျအုံးမည်
"ဒါဆိုလည်း သဲငယ်လိုက်ခဲ့ပါမယ်"
"ညီမနာမည်က သဲငယ်လား အကိုနာမည်က ထွန်းနောင်ပါ "
"ညီမနာမည်က သဲယုမော်ပါ " သဲယုမော်ကို ခနကြည့်ကာပြုံးပြပြီး သဲငယ်ဘက်ကို မျက်နှာကပြန်ရောက်သွားသည် ထွန်းနောင်မျက်လုံးတွေက သဲငယ်ဆီမှာပင် အဲ့ဒီနေ့ကစပြီး ကိုထွန်းနောက်ကလည်း သဲငယ်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့သည်
ကိုထွန်းနောင်က တတိယနှစ် Eမေဂျာပင်
ကိုထွန်းနောင်က ပျိုတိုင်းကြိုက်တဲ့နှင်ဆီခိုင်အရပ်က6ပေ အသားဖြူဖြူ ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ အမြဲစမတ်ကျတဲ့ ဝတ်စားဆင်ယင်မှု နောက်ဆုံအချက်ကတော့ အရမ်းကိုချမ်းသာတဲ့ ဦးအဂ္ဂနောင်ရဲ့သား ဘယ်လိုမိန်းခလေးမဆို ကြွေတာမဆန်းပင်
ဒီနေ့ကျောင်းပိတ်ရက်မလို့ သဲငယ်အစောကြီးထသည် မမမုန်းက ကျောင်းတတ်တဲ့ရက်မှာ အိမ်အလုပ်မခိုင်းပေ ကျောင်းပ်ိတ်ရက်ကျရင်တော့ ချက်ပြုတ်သန့်ရှင်းရလုပ်ရသည်
"သဲငယ်လေးအစောကြီးနိုးနေပါလား"
"ဟုတ်တယ်ကြီးတင် ဒီနေ့ကသဲငယ်ကျောင်းပိတ်ရက်ဆိုတော့ နောက်ကျနေရင် မမမုန်းဆူနေမှာစိုးလို့"
"သဲငယ်လေးရဲ့ မမမုန်းတောင် အခုထိဆင်းမလာသေးဘူး company သွားရအုံးမယ်မလား သဲငယ်လေးသွားကြည့်ပေးပါအုံး"
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Фэнтези"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
