Unicode
"မမမုန်း အာ့ မမမုန်းထပါဦး"
အိပ်နေတုန်း ငယ်ရဲ့နိုးသံကြောင့် မျက်စိဖွင့်ကြည့်တော့ ငယ်မျက်နှာက ဖျော့တော့နေသည်
"ငယ် ဘာဖြစ်တာလဲ နေလို့မကောင်းဘူးလား"
"အား ငယ်ဗိုက်က အောင့်နေတယ် ဘာဖြစ်တာလဲမသိဘူး အာ့ ရုတ်တရက်ထအောင့်လာလိူ့ အား"
"ဆေးရုံ ဆေးရုံသွားရအောင်"
ငယ်ကိုပွေ့ချီကာ အိမ်အောက်ကို အမြန်ဆင်းပြေးလာသည် ကားတံခါးဖွင့်ကာ အမြန်မောင်းထွက်သွားတဲ့ သူဌေးနောက်ကို နေရဲတို့ လိုက်ရန်ကားပေါ်ကို တတ်လိုက်ကြသည်
"ဟာ ကားကဘာလို့နိုးလို့မရတာလဲ သွားကြည့်ဦး"
"ကားဘီးပေါက်နေတာပဲ ဘယ်လိုဖြစ်ရတာလဲ"
ရော့စ်ဆင်းကြည့်တော့ ပေါက်နေတဲ့ကားဘီးကြောင့်အံဩမိသွားသည် မနေ့ကအထိအကောင်းကြီးကို သူတို့ကိုကြည့်ကာ အပြုံးကြီးပြုံးနေသည်က ဟန်နီခင်ပင်
"အာ့ မမမုန်း ဗိုက်ကအရမ်းအောင့်တယ် အား"
"ရောက်တော့မှာပါ အားတင်းထားနော်ငယ် ဟာ"
ငယ်ကိုပြောပြီးရှေ့ကိုပြန်ကြည့်လိုက်တော့ ဖြတ်ဝင်လာတဲ့ ကားကြောင့် ဘရိတ်ကိုအမြန်အုပ်လိုက်သည် ဒေါသကြောင့် ကားပေါ်မှဆင်းသွားလိုက်သည်
"မင်းဘာလုပ်တာလဲ သေချင်နေတာလား"
"စိတ်အေးအေးထားပါဦး"
"မင်း ထွန်းနောင်"
ကားပေါ်ကဆင်းလာတဲ့ထွန်းနောင်ကြောင့် တိုက်ဆိုင်လာချည်လားတွေ့မိနေစဉ် နောက်ထပ်ကားနှစ်စီးက သူမတို့ကားနောက်ကရပ်လိုက်သည် သေချာတာတာ့ မေမုန်းမာန်လူတွေကားမဟုတ်ပင်
"ငယ် ဘာလို့အောက်ဆင်းလာတာလဲ အပေါ်ပြန်တက်နေ တို့ကိုမစိုးရိမ်နဲ့"
"ရှင်ကို ဘယ်သူကစိုးရိမ်နေလိုလဲ ကိုနောင်ကို ခေါ်ထားတာကျွန်မကိုယ်တိုင်ပဲလေ"
"ငယ် အဲ့တာတကယ်မဟုတ်ဘူးမလား ငယ်ဖြေလေ"
"ရှင်လွှတ် ဖြန်း"
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasía"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
