Unicode
"မာန်"
"ဟန်နီခင် မင်းဘာလာလုပ်တာလဲ မင်းသေချင်နေတာလား"
ကားရှေ့မှာ ပိတ်ကာရပ်လိုက်သော ဟန်နီခင်ကြောင့် အောက်ကို ဆင်းလာရတော့သည်
"မာန် ဟန်နီတောင်းပန်ပါတယ် ဟန်နီကို မာန်နားမှာ ပြန်နေခွင့်ပြုပါ ဟန်နီလေ ဟန်နီ မာန်မရှိရင်မနေတတ်လို့ပါ"
မေမုန်းမာန်လက်မောင်းကို အတင်ဖက်ကာ ပြောလာသော ဟန်နီခင်ကို ဘာမှ ခွန်းတုံ့စကားမဆိုဘဲ ဖက်တွယ်ထားတဲ့ ဟန်နီခင်လက်တွေကို တွန်းဖယ်ပစ်လိုက်သည်
"မာန် မာန် ဟန်နီတကယ်တောင်ပန်ပါတယ် မာန်နားမှာပဲ နေခွင့်ပေးပါ sex partner ဖြစ်ဖြစ် ဒါမှမဟုတ်လည်း မာန်ရဲ့ အိမ်မှာ အစေခံဖြစ်ဖြစ်နေရမယ်ဆိုရင်တောင် ဟန်နီနေပါ့မယ် အဓိကက မာန်အနားမှာပဲ နေရရင် ရပါပြီ နော် မာန် မာန်"
ပြောနေတဲ့စကားကို ဂရုစိုက်ပုံပြန်မပြဘဲ ကားဆီကို ပြန်လာတော့လည်း နောက်ကနေ လိုက်ကာ ပြောနေတဲ့အတွက် စိတ်တွေရှုပ်သွားရသည်
"မင်းကို ငါရှင်းရှင်းလင်းလင်းပြောမယ် ငါနဲ့ရော ငယ်နဲ့ပါ လာမပတ်သတ်နဲ့ မင်းကို ဘယ်လိုနည်းနဲ့မှ ငါပြန်လက်ခံမှာ မဟုတ်ဘူး ဟန်နီခင်"
"မာန် မာန် ဟန်နီကို အဲ့လို့မထားခဲ့ပါနဲ့ မာန်သွားရင် ဟန်နီသတ်သေလိုက်မှာ"
"မင်းသဘောပဲ"
"မာန်က အရမ်းရက်စက်တာပဲ မာန်ဟန်နီကို ထားခဲ့မှာ ဟန်နီခွင့်မပြုနိုင်ဘူး"
"မင်း ဖယ်စမ်း"
အတင်းဖက်လာတဲ့ ဟန်နီခင်ကို တွန်းလွှတ်လိုက်သည် ဟန်နီခင်ကို တွန်းလွှတ်ပြီးလှည့်အထွက် လမ်းမှာပြီးမောင်းလာတဲ့ ကားတစ်စီး မေမုန်းမာန်ဆီကို တည့်တည်ဝင်လာသည်
"မာန်"
"ဒုန်း"
သူ့ကို ခေါ်ကား တွန်းလိုက်တဲ့ အရှိန်ကြောင့် လမ်းဘေးကို လဲကျကာ မူးဝေနေတော့သည် အသိစိတ်ကို ပြန်ကပ်လိုက်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ ဟန်နီခင်ကို တွေ့လိုက်ရသည်
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasía"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
