part 28(uni+zaw)

5.2K 134 5
                                        

 Unicode

         "အကုန်ရောက်လာပြီလား"

        "ဟုတ်ကဲ့မမလေး နေရဲကတော့ မလာသေးဘူး"

         "အိမ်ကိုသေချာစောင့်ကြည့် ရော့စ် နဲ့မင်းနောင် ငါမရှိတဲ့အချိန်တွေမှာဆိုရင် ပိုသတိရှိကြ"

မေမုန်းမာန် ငယ်ထွက်ပြေးမှာ စိုးတာကြောင့် သူ့ရဲ့လူတွေကိုခေါ်စောင့်ခိုင်းထားသည်

          "ငယ် ထမင်းစားရအောင်လေ ငယ်မနေ့ကတည်းက မစားရသေးဘူးမလား"

သူ့မကို ပြန်ကြည့်လာတဲ့ ငယ်ရဲ့မျက်လုံးအစုံက သူ့ကိုမုန်းတီးတယ်လို့ ပြောနေသလိုပင် သူဆက်မကြည့်ရဲလောက်အောင်ဖြစ်သွားမိသည်

          "မစားဘူး  ကျွန်မဒီမှာဆက်မနေနိုင်ဘူး ကျွန်မကို ထွက်သွားခွင့်ပေး"

         "ငယ်ဘယ်မှ သွားလို့မရဘူး ငယ်အိမ်ကဒီမှာလေ ငယ်ကတို့အနားမှာပဲနေရမယ်"

         "လူသတ်သမားတစ်ယောက်ရဲ့ အနားမှာ ဘယ်လိုလုပ်နေရမှာလဲ ရှင်ကျွေးတဲ့ ထမင်းလည်းမစားဘူး"

လက်ထဲက ထမင်းပန်ကန်ကို ရိုက်ထုတ်ပစ်လိုက်သည် အရင်တုန်းကဆိုရင်တော့ မေမုန်းမာန်စိတ်ကြောင့် ငယ်ကိုတစ်ခုခုလုပ်မိနိုင်ပေမယ့် အခုမေမုန်းမာန်ကတော့ ချစ်တဲ့စိတ်ကြောင့် အရာရာဟာ အပြစ်မြင်စရာမဟုတ်

          "ငယ်မစားရင် နေ‌မကောင်းဖြစ်လိမ့်မယ် အခုမစားချင်ရင် ခနနေ ကြီးတင်လာပို့‌ပေးလိမ့်မယ်

          ငယ်တို့ကိုမုန်းတယ် လက်စားချေချင်တယ်မလား ငယ်ကျန်းမာပြီး အားရှိနေမှ တို့ကို လက်စားချေနိုင်မှာပေါ့ ဒါကြောင့် ထမင်းလေးတော့ ဝင်အောင်စားလိုက်ပါ"

စိတ်ပျက်စွာနဲ့ ထွက်လာတဲ့ မေမုန်းမာန်ကိူတွေ့လိုက်ထဲက Roseyအခြေအနေမကောင်းသေးမှန်း တန်းသိလိုက်သည်

        "သူငယ်ချင်း နင်အဆင်ပြေရဲ့လား"

        "ဒီလိုပါပဲ ကြီးတင် ခနနေရင် ငယ်ကို ထမင်းသွားပို့ပေးလိုက်ပါ"

  ကြီးတင်ခေါင်းငြိမ့်ပြကာ ထမင်းသွားပြင်‌သည် ဘာဖြစ်ကြတာလဲဆိုတာမေးချင်ပေမဲ့ နေရာတကာဝင်ပါသလိုဖြစ်မှာစိုးတာကြောင့် မမေးတော့ပေ

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now