part 3 (uni+zaw)

6.6K 153 0
                                        

    Unicode

   "မင်းအိမ်မှာဘယ်လိုနေနေ ဒီနေ့ကစပီးမနက်6နာရီမှာထရမယ် မင်းကိုကျောင်းဆက်တတ်ခွင့်ပြုမယ် ဒါပေမဲ့မင်းကိုငါအလကားတော့မကျွေးမွေးနိုင်ဘူးနော် မင်းအိမ်အလုပ်တွေကူလုပ်ရမယ် နောက်တစ်ခုကျောင်းထားပေးရတာနဲ့တန်အောင် စာမေးပွဲမကျစေနဲ့ ကျခဲ့ရင် မင်းကိုအပြစ်ကြီးကြီးပေးမယ် ငါပြောတာကြာလား"

     "ဟုတ် ဟုတ်ကဲ့ပါမမမုန်း" သဲငယ်လည်းအိပ်ရာကချက်ချင်းထလိုက်ပီး မမမုန်းပြောတဲ့အတိုင်း‌ ကျောင်းမသွားခင် အိမ်အလုပ်ကူလုပ်ရတော့မည် သဲငယ်သတိထမိတာတစ်ခုတော့ရှိတယ် အိမ်ကြီးထဲမှာ မမမုန်းရယ် ကြီးတင်ရယ် သဲငယ်ရယ် ပီးတော့ဘော်ဒီဂတ်ဦးကြီး နှစ်ယောက်ကလွဲ၍ မရှိပေ သဲငယ်လိုပဲဖေဖေ‌နဲ့မေမေမရှိတော့ဘူးလားမသိဘူး ဒီလိုဆိုရင်တော့မမမုန်းလည်း သနားစရာကောင်းတာပဲလို့ တွေးမိသည်
      
    "ဟဲ့ မေမုန်းမာန်ရေ မေမုန်းမာန်"ခေါ်သံကြောင့်သဲငယ်ထွက်လာမိသည် ခပ်ချောချောမမတစ်ယောက်ပင်

       "မမမုန်းမရှိပါဘူး အပြင်သွားနေတယ် မမ"

      "ဒီမေမုန်းမာန်ကတော့ ငါနိုင်ငံခြားကပြန်လာတာ ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ အမောကိုဆို့တယ် ငါလာမှာကြိုပြောထားရ့သားနဲ့ လာမကြိုတာထားပါဦး ဒင်းကအိမ်မှာတောင်မရှိဘူးတဲ့ တွေ့အုံးမယ်" Rosey တစ်ယောက် အခုမှခလေးမကိုလေးကိုကြည့်မိသည် ချစ်စရာလေးပင် နည်းနည်းတော့ညစ်‌ပတ်နေပေမဲ့ပေါ့

      "ဒါနဲ့ ကောင်မလေး မင်းကဘယ်သူလဲ"

       "သမီးနာမည်ကသဲငယ်ပါ မမမုန်းနဲ့အတူနေပါတယ် မမ"

      "တို့နာမည်ကRoseyတဲ့ ဒီမှာနေမှာလေ နောက်ဆိုအမြဲတွေ့ရတော့မှာ"

    "ဘယ်သူက နေခွင့်ပေးသေးလိုလဲ မRosey အိမ်ရှင်ကိုလည်းအရင်ခွင့်တောင်းသင့်တယ်မလား" မမမုန်း ဝင်လာလေသည် တစ်ခုခုထူဆန်းနေသည် အဲဒါကမမမုန်းရဲ့အပြုံး သဲငယ်ကိုပြူံးပြတာနဲ့မတူတဲ့အပြုံးမျိုး တစ်ခုတော့ရှိသည် အခုမမမုန်းပြုံးနေတာကအရမ်းကို ကြည့်‌ကောင်းသည်

     "ဟိုခလေး ငါ့ကိုဘာလိုကြည့်နေတာလဲ မင်းသွားလို့ရပီ" သဲငယ်ငိုချင်လာမိသည် သဲငယ်ကိုကြည့်ပီး မမမုန်းရဲ့မျက်နှာပြန်တည်သွားသည် ခုနကမမRosey ကိုပြုံးပြနေတုန်းကလိုမဟုတ်ပေ သဲငယ်လည်းအမြန်ပြန်ပြေးသွားမိတော့သည်

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now