Unicode
About 12 year ago
"သမီးလေးချစ်ချစ်ရေ ထတော့လေကွယ် အိပ်ပုတ်ခလေးရဲ့"မေမေကလည်း အစောကြီးရှိသေးတာကို"ပြောပီးပြန်အိပ်ဖို့လုပ်နေပြန်သည်
"ဒီနေ့ကစားကွင်းလိုက်ပို့မလို့ကို ငါ့သမီးေလးကမထချင်ဘူးဆိုမှတော့ ဖေကြီးကို မသွားတော့ဘူးလို့ ပြောရတော့မှာပေါ့"
"နိုးပီ မေမေနိုးပီနော် ကစားကွင်းကိုသွားရတော့မယ် ရေး" ခုနကသူမဟုတ်သည့်အတိုင်းပင်သွက်လက်နေလေသည် ချစ်ချစ်တို့က အရမ်းကြီးမချမ်းသာပေမယ့် ပြေပြေလည်လည်ရှိကြတယ်
"အောင်တိုးရေ အောင်တိုး"
"ဪ ကိုအာကာစိုးကိုဝင်လေရှင် ဒီလောက်ရင်နှီးနေတာကို အိမ်ရှေ့ကနေ နာမည်ခေါ်နေသေးတယ် ကျွန်မ အကို့ကိုသွားခေါ်ပေးမယ်""အကိုရေ အောက်မှာကိုအာကာစိုးရောက်နေတယ်"
"ဟုတ်လားမေ ကိုယ်သွားလိုက်အုံးမယ်"
"သူငယ်ချင်း ထိုင်လေကွာ ဘာကိစ္စရှိလို့လဲ"
" ဝမ်းသားစရာမို့လို့ သိသိရချင်း လာခဲ့တာ ဟို့တစ်ခေါက် ခရီးသွားတုန်းက ငါတို့ကောက်ရတဲ့စိန်တုံးလေ အဲ့စိန်တုံးက အရည်အသွေးကောင်းလို့ သိန်းသောင်းနဲ့ချီကို ရမှာကွ""ဒါဆိုရင်တော့ငါတို့နှစ်ယောက်တော့ ချမ်းသာပီကွ ရောင်းလို့ရတဲ့ငွေကိုတစ်ယောက်တစ်ဝက် ခွဲယူကြတာပေါ့ပေါ့" ဦးအောင်တိုးရဲ့စကားအဆုံးမှာ ကောက်ကျစ်မှုတွေအပြန်နဲ့ အပြုံးကိုတော့ ဘယ်သူကမှ သတိမထားမိခဲ့
"ခင်ရေ ခင်တော့သူဌေးကြီး ဦးအာကာစိုးရဲ့ ကတော်ဖြစ်ပီသာမှတ်လိုက်တော့"
"တကယ်ကြီးလာ ကိုကိုစိုး"
"တကယ်ပေါ့ ခင်ရဲ့ ကိုကိုစိုးကနောက်စရာလား" အာကာစိုးတစ်ယောက် သူ့မိန်းမခင်မေကို ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်သည်
"ဘာလဲခင် မပျော်ဘူးလားကွာ" အလိုမကျဖြစ်နေသော ဒေါ်ခင်မေကြောင့် ဦးအာကာစိုးမေးလိုက်သည်"ရှင်ကသူ့ကို တစ်ဝက်ခွဲပေးအုံးမလို့လား ဒါဆိုခင်တို့ရတာနည်းသွားမှာပေါ့"
![](https://img.wattpad.com/cover/357384724-288-k488023.jpg)
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Non-Fiction"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" "ဟုတ်ကဲ့ သဲငယ်သိပါတယ် မမမုန်း သဲငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူး ဟို သဲငယ်ကျောင်းတက်ဖို့ပြင်ရအုံးမှာမို့လို့ ခွင့်ပြုပါအု...