part 31(uni+zaw)

5.9K 111 3
                                        

Unicode

"ကိုနောင်ဘာလို့ပြန်မလာ‌သေးတာလဲ အချိန်တောင်မနည်းတော့ဘူး"

နာရီကိုကြည့်ကာ ငယ်တစ်ယောက်အိမ်ရှေ့မှာစောင့်နေသည် ကိုနောင်က10နာရီလောက်ဆိုပြန်ရောက်နေကြ အခုက12တောင်ရှိနေပြီလေ

"တစ်ခုခုများဖြစ်နေလားမသိဘူး အန်ကယ်ကို ဖုန်းဆက်မေးကြည့်ရင်ကောင်းမလား"

ခနလောက်စဉ်းစားပြီး ဦးအဂ္ဂနောင်ဆီကိုဖုန်းဆက်လိုက်သည်

"ဟယ်ဟို အန်ကယ်"

"ဘာကိစ္စရှိလို့ဖုန်းဆက်တာလဲသမီး အိမ်ကကောင်အနိုင်ကျင့်လို့လား"

"မဟုတ်ပါဘူးအန်ကယ် ကိုနောင်ကသမီးကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် အခုဆက်တာက ကိုနောင်ပြန်မရောက်သေးလို့ပါ ပြီးတော့ ဖုန်းကလည်းစိတ်ပိတ်ထားတယ်အန်ကယ်"

"ဟုတ်လား ဒီကောင်တော့ အန်ကယ်နိုင်ငံခြားရောက်နေတာကို အခွင့်ကောင်းယူပြီး အလည်လွန်နေတာဖြစ်မယ် သမီးဘာမှမစိုးရိမ်နဲ့ မနက်ကျရင်ပြန်လာလိမ့်မယ်"

"ဟုတ်ကဲ့အန်ကယ် ဒါဆိုသမီးဖုန်းချလိုက်တော့မယ်"

"အေး အေး"

သဲငယ်ကိုစိတ်မပူအောင်ပြောလိုက်ပေမယ့် ဦးအဂ္ဂနောင်စိတ်ထဲ မတင်မကျတစ်မျိုးဖြစ်‌နေသည်

-----------------------------------------------------------

"အိပ်နေတာလား သတိလစ်နေတာလား နိုးလိုက်စမ်း"

"ဗွမ်း "

ရေနဲ့ပတ်လိုက်တာကြောင့် သတိရလာတော့သည် မျက်လုံးဖွင့်ဖွင့်ချင်း မေမုန်းမာန်ကိုတွေ့လိုက်ရတာကြောင့် ကြောက်လန်ပြီး နံရံထောင့်ကို အတင်းပြေးကပ်သွားသည်

"ကြောက်နေတာလား ဘာမှတောင် မလုပ်ရသေးဘူး လျှာဖြတ်ရင်စကား‌မပြောနိုင်ဘူးဆိုတာ မယုံလို့စမ်းကြည့်ယုံတင်ပါ"

သူ့ကိုကြောက်နေသည်ကို မြင်ပြီး ပိုသဘောကျမိနေသည်

"မင်းက ငါချစ်ရတဲ့သူကို ပိုင်ဆိုင်ဖို့မကောင်းတဲ့နည်းတွေသုံးမယ်ပေါ့ ဟုတ်လား ခွပ် ခွပ် ခွပ်"

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now