part 13 (uni + zaw)

2.3K 68 0
                                    

   "ရောက်ပြီ မမမုန်း" မမမုန်းကို အိပ်ရာထဲ နေရာချပြီး ထွက်ဖို့အလုပ် နောက်ကနေ လှမ်းဆွဲလိုက်တာကြောင့် သဲငယ်ခန္ဓာကိုယ်‌က မမမုန်း ကိုယ်ပေါ်ထပ်ကျသွားသည်

  သဲငယ်ထဖို့လုပ်တော့ မမမုန်းက ခါးကိုဖက်ထားသည် မမမုန်းရဲ့ ရီဝေဝေဖြစ်နေတဲ့မျက်လုံးအစုံကို ရင်ဆိုင်ကြည့်မိတော့လည်း သဲငယ်ကပဲ မျက်လုံးလွှဲလိုက်မိသည်

     "ဘာဖြစ်လို့ မျက်နှာလွှဲသွားတာလဲ ထလေးမ" သဲငယ်ရဲ့ မေးစေ့ကနေ စွဲမော့လိုက်သည်

     "ငယ်" သဲငယ် မျက်လုံးများ ပြူးကြောင်သွားမိသည်

    "ငယ်တဲ့လား မမမုန်းကအခု ငယ်လို့ခေါ်လိုက်တာလား သဲငယ်နားကြားမှားနေတာလား" စိတ်တွေမှာ အတွေးတွေ ဗလောင်စီနေမိသည်

    "ဘာတွေ စဉ်းစားနေတာလဲငယ် ငယ်ကအရမ်းကို လှလာတယ် ဒီမျက်ခုံးလေးက လေးကိုင်းလေလိုပဲ နောက်ပြီး ဒီမျက်လုံးလေးက ဝိုင်းစက်နေပြီး အရည်လေတွေလက်နေတာ ပုလဲနီလေးလိုပဲ နှာတံလေးကလည်း ဖြောင့်ဆင်းနေရော"
  
မမမုန်းက ငယ်ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုဆီကို တယုတယ ထိကိုင်ပြီးပြောနေသည် အိမ်မက်မဟုတ်ပါစေနဲ့ သဲငယ်ဆုတောင်းနေမိသည်

    "ငယ်ရယ် မင်းကလှရက်လိုက်တာ လူမှဟုတ်ရဲ့လား နတ်သ‌မီးလေးများလား"
မမမုန်းက အားလေးလျှာလေးဖြစ်နေပေမယ့် သဲငယ်အတွက်တော့ မမမုန်းပြောနေတာတွေက ပီပီပြင်ပြင်ကိုကြားနေရသည် မမမုန်းစကားကို ပြန်လည်းမတုံ့ပြန်နိုင်ဘဲ ရှက်ပြီ့းသာ ငြိမ်နေမိသည်

    "ရှက်နေတာလားငယ် မင်းရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက တုန်နေပါလား တို့ကိုစိတ်မထိန်းနိုင်အောင် လုပ်နေတာလားဟင်"

သဲငယ်ရဲ့နှုတ်ခမ်းလေးကို ထိကိုင်ပြီး စိုက်ကြည့်နေရင်း ရုတ်တရက် သဲငယ်နှုတ်ခမ်းပေါ် ကျရောက်လာတဲ့ အနမ်းတွေ အပေါ်အောက် တစ်လွှာချင်းဆီကို နူးနူးညံ့ညံ့နဲ့ စုပ်ယူနမ်းရှိုက်နေသည် သဲငယ်က ပြန်မနမ်းတတ်ပေမဲ့ မမမုန်းရဲ့ အနမ်းထဲမှာ ငြိမ်ပြီးပျော်ဝင်နေမိသည်

  အချိန်အတန်ကြာနမ်းလိုက်တော့ သဲငယ်လည်း အသက်ရှုကြပ်လာတာကြောင့် မမမုန်းရင်ဘက်ကို တွန်းလိုက်တော့မှ မမမုန်းက ခွာပေးလိုက်သည်
   
    "ငယ်ရဲ့ နှုတ်ခမ်းလေးက‌ ပျားရည်လေးထက်တောင် ချိုတယ်" မမမုန်းနောက်တစ်ကြိမ် နမ်းဖို့ထပ်ကပ်လာချိန်မှာ ငယ်ရဲ့ မျက်လုံးတွေ မှိတ်ထားလိုက်သည် တော်တော်ကြာတာတောင် ဘာမှမဖြစ်တာကြောင့် မျက်လုံးပြန်ဖွင့်ကြည့်လို့က်တော့ မမမုန်းက အိပ်ပျော်သွားပြီးပဲ မမမုန်းကို သေချာနေရာချပြီး အခန်းပြင်ကို ပြန်ထွက်လာခဲ့သည်

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now