Unicode
မေမုန်းမာန်ကားနောက်ခန်းကိုခနခနကြည့်နေမိသည်
"ဒီခလေးမပြန်လာကတည်းက တစ်မျိုးဖြစ်နေတာ ဘာဖြစ်နေမှန်းလည်းမသိဘူး ကျောင်းမှာတစ်ခုခုဖြစ်ခဲ့တာလား" စိတ်ထဲမှာသာပြောနေပေမယ့် အပြင်မှာတော့စကားတစ်လုံးမှထွက်မလာ
"သဲငယ်လေးပြန်လာပြီ ကျောင်းမှာအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ကြီးတင် အဆင်ပြေပါတယ် သဲငယ်ရေသွားချိုးလိုက်အုံးမယ်နော်"
"အေး အေး" သဲငယ်ငြိမ်နေတာကို ကြီးတင်လည်းသတိထားမိသည်။ ညကျမှအေးဆေးမေးမယ်လို့ စဉ်းစားထားသည်
"သဲငယ်လေး အိပ်ပြီလား"
"မအိပ်သေးပါဘူး ကြီးတင်"
"ဒီနေ့ သဲငယ်လေးတစ်ခုခုဖြစ်နေသလိုပဲ
ကြီးတင်ကိုပြောပြပါလား""ဘာမှမဖြစ်ပါဘူးကြီးတင် သမီးနည်းနည်းပင်ပန်းသွားလို့ပါ "
"ဟုတ်လား ဒါဆိုရင်ကြီးတင်သွားတော့မယ် စောစောအိပ်နော်"
"ဟုတ်ကဲ့ကြီးတင်" သဲငယ်တွေးနေတာတွေကို ကြီးတင်ကိုဘယ်လိုပြောပြရမလဲ
ဖုန်းခေါ်သံကြောင့် မေမုန်းမာန်နိုးလာခဲ့သည် ဒီလိုညနက်ကြီး အလိုက်မသိဖုန်းခေါ်တာ Roseyတစ်ယောက်ပဲ ရှိတယ်မလား
"hello မေမုန်းမာန် အိပ်နေတာကိုနှောက်ယှက်သလို့ဖြစ်သွားလား"
"ဪ အိပ်တဲ့အချိန်မှန်းသိရက်သားနဲ့ ဖုန်းဆက် ပြီးတော့မှ နှောင့်ယှက်သလို့ ဖြစ်သလားလို့ တမင်မေးနေတာလား"
မေးလိုက်တော့ Roseyက ရယ်ပါလေရော တကယ့်ကိုအမြင်ကတ်ချင်စရာပင် တစ်ဦးတည်းသော သူငယ်ချင်းမို့လိုပင် သူနေရာမှာ တစ်ခြားသူသားဆိုရင်ဘအရေခွံဆွဲစုတ်လိုက်တာကြာပေါ့
"ငါနင့်ကို ဝမ်းသာစရာပြောစရာရှိလို့ သိပ်မကြာခင် ငါမြန်မာပြည်ပြန်လာမလို့"
"ဟုတ်လား ဒါဝမ်းသာစရာမှမဟုတ်တာ ငါ့ကိုရှုပ်ဖို့ ပြန်လာသာအသိသာကြီးကို"
"အေး ဟုတ်တယ် နင်ကိုနဂိုလို တစ်လနှစ်လနေမှာ မဟုတ်ဘူး အပြီးပြန်လာတော့မှာ"
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Kurgu OlmayanUnicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းနေမယ်ဆိုတာမင်းမှတ်ထားလိုက်သဲငယ် မေမုန်းမာန် "ပထ...