part 16 (uni + zaw)

5.6K 135 2
                                        

Unicode

"အရမ်းနာနေလားငယ်"

ဒဏ်ရာရနေတဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်တော့ မျက်နှာလေးပြုံးသွားသယောင်
ငယ်ရဲ့ ကိုယ်လုံးသေးသေးလေးကိုဖက်ထားလိုက်ပြီး အိပ်စက်လိုက်သည်

မနက်4နာရီလောက်နိုးလာတော့ ငယ်ကမနိုးသေးတာကြောင့် အပြင်ကို တိုးတိုးလေးပြန်ထွက်လာခဲ့သည် ဒါကိုမြင်သွားတဲ့ လူတစ်ယောက်ရှိတာကိုတော့ မေမုန်းမာန်မသိခဲ့

-----------------------------------------------------------

မနက်နိုးတော့ ညကအိပ်မက်အကြောင်းစဉ်းစားနေမိသည် မမမုန်းက သဲငယ်နဖူးကို နမ်းတယ်တဲ့ အပြင်မှာသာ အဲ့လိုဖြစ်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ အတွေးတွေကို လက်စသတ်ကာအောက်ကို ဆင်းလာခဲ့သည်

"မာန်ရေ ဒီနေ့ရုပ်ရှင်သွားကြည့်ရအောင်နော်"

"တို့ ဒီနေ့မအားဘူး ဟန်နီ"

"မာန်ကလည်းကွာ"

"နောက်နေ့ တို့အားရင် လိုက်ပို့ပေးမယ် အခုတော့ အလုပ်သွားလိုက်အုံးမယ်"

"ဟန်နီ ကားအထိလိုက်ပို့မယ်နော် စောစောပြန်လာနော်"

"အင်း" မဟန်နီကို ပြုံးပြပြီး ထွက်သွားပေမဲ့ ဘေးကကြည့်နေတဲ့ သဲငယ်ကိုတော့ အကြည့်လေးတစ်ချက်တောင် မစွန့်ကြဲသွားခဲ့ဘူး

"ဒါကမှ သဲငယ်ဆိုရင် မျက်လုံးထဲတောင်မထည့်တဲ့ မမမုန်းအစစ်မလား"

"သဲငယ် သဲငယ်"

"ရှင်"
အတွေးတွေက မဟန်နီခင်ရဲ့ ခေါ်သံကြောင့် ရပ်တန့်သွားခဲ့သည်

"ဒီကို လာလေ ခေါ်နေတာကို ဘာရပ်လုပ်နေတာလဲ"

"ဟုတ်ကဲ့"

"မင်းကို ခေါ်လိုက်ရတာက တို့မင်းကိုကြိုတင်သတိပေးစရာရှိလို့ မင်းကို မာန်ကမွေးစားထားတယ်ဆိုပေမဲ့ မင်းကအိမ်အကူတစ်ယောက်နဲ့ ဘာမှမထူးဘူး မင်းအနေအထားကို မင်းသိမယ်ထင်တယ်"

ဟန်နီခင်ရဲ့စကား‌တွေကို တုံ့ပြန်နိုင်ဖို့အားတွေ ငယ့်မှာမရှိပေ ခေါင်းငုံးထားမိပြီး ဝဲတတ်လာသော မျက်ရည်များကို ထိန်းထားရင်းသာ ဆက်နားထောင်နေရသည်

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now