Extra

9.7K 137 18
                                        


Unicode

   ပြာလဲ့လဲ့ကောင်းကင်အောက်မှာ ပန်းရောင်စုံ ပတ်ချာဝိုင်းနေတဲ့ ပန်းခင်းဝန်းရံထားတဲ့ စိမ်းစိုနေတဲ့ မြက်ခင်းပြင်တစ်ခု ထိုမြက်ခင်းပေါ်မှာ အဖြူရောင်ဂါဝန်လေးနဲ့ လဲလျောင်းနေသူက သဲငယ်ပင် လင်းလွန်းလှတဲ့ နေရောင်ကြောင့် မျက်လုံးဖွင့်လာသည်

       "ဒါဘယ်နေရာလဲ ဘယ်ရောက်နေတာလဲ"

       "နိုးပြီလားငယ်"

အသံလာရာကို လှည့်ကြည့်လိုက်တော့ အဖြူရောင် တီရှပ်နဲ့ ဘောင်းဘီဝတ်ထားတဲ့ မမမုန်းကို မြင်လိုက်ရသည်

        "မမမုန်း မမမုန်း"

မမမုန်းကို ပြေးဖက်လိုက်တော့ မမမုန်းကလည်း တင်းကျပ်စွာပြန်ဖက်လာသည်

         "အရူးမလေး ဘာလို့ဒီလိုလုပ်ရတာလဲ"

        "မမမုန်း မရှိဘဲ ငယ်မနေနိုင်ဘူး ငယ်ကို ထပ်ထားမသွားပါနဲ့"

        "ထားမသွားတော့ပါဘူး အရမ်းချစ်တယ်ငယ်"

       "မမမုန်း ဘာပြောလိုက်တာလဲ"

       "ချစ်တယ် အရမ်း အရမ်းချစ်တယ်လို့"

       "ငယ်လည်း မမမုန်းကို အရမ်းချစ်တယ် အဟင့်"

        "အရူးမလေး ဘာလို့ငိုတာလဲ"
  
      "မမမုန်းဆီက ချစ်တယ်ဆိုတဲ့စကားကို ဒီတစ်သက်မကြာရတော့ဘူးလို့ထင်နေတာ"

       "တို့ပါးစပ်က မပြောပေမယ့် တို့စိတ်နဲ့ နှလုံးသားကတော့ အကြိမ်ပေါင်းများစွာ ပြောနေပြီးသားပါ ငယ်ရယ်"

ငယ်ရဲ့ နှုတ်ခမ်းလေးကို အနမ်းများ ပေးနေမိသည် ငယ်ကလည်း အလိုက်တသိပြန်တုံ့ပြန်နေသည်

         "ငယ် သွား‌ရအောင်"

         "ဘယ်သွားမလို့လဲ"

         "ဘာလဲ ငယ်ကတို့နဲ့ မလိုက်ရဲ့ဘူးလား"

         "မမမုန်းနဲ့ဆိုရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာဖြစ်ဖြစ် ငယ်လိုက်နိုင်ပါတယ် ဒီတစ်သက်မခွဲတော့ဘူးနော် မမမုန်း"

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now