Unicode
"ရှင် ရှင်အနားကိုမလာနဲ့နော် အနားကိုတိုးမလာနဲ့လို့ပြောနေတယ်နော် ခွပ်"
"အား" ဦးအာကာစိုးနာကျင်စွားအော်လိုက်သည် ဘာကြောင့်လဲဆိုတော့ ထားကဘေးနားမှ ပန်းအိုးဖြင့် ခေါင်းကိုရိုက်လိုက်ခြ့င်းပင်
"မေမေ မေမေ "အော်သံကြား၍ဆင်းလာသော သမီးဖြစ်သူကို တွေ့လိုက်ရသည် ချစ်ချစ်တစ်ယောက်ကြောက်သွားမိသည် အဖေဖြစ်သူကလည်း သွေးအိုင်ထဲတွင်လဲနေ၍ ဟိုဦးကြီးကလည်း ခေါင်းတွင်သွေးများထွက်နေလေသည် အပေါ်မှဆင်းလာသောသမီးဖြစ်သူကို ခေါ်ပီးပြေးရန်လုပ်ပေမဲ့ ဦးအာကာစိုးက ထားကိုဆွဲထားလေသည်
"ပြေး သမီးပြေးတော့ လွတ်အောင်ပြေးသမီး"
သမီးဖြစ်သူကို ရအောင်ပြေးခိုင်းလေသည် ချစ်ချစ်ရှေ့တင် အမေဖြစ်သူလည်ပင်းကို အသေညစ်နေသောမြင်ကွင်းကိုအခုထိပင်မျက်လုံးထဲကမထွက်နိုင်ပေ"အဲ့တုန်းကငါအသက်မသေခဲ့ပေမယ် လမ်းဘေးမှာ မသေရုံတမယ်ဖြစ်ခဲ့ရတယ် သူတောင်စားကလေးတစ်ယောက်လို ငါကိုဝိုင်းအနိုင်ကျင့်တာခံခဲ့ရတယ်"
ပြောရင်နဲ့ပင်အသံများတုန်ယင်လာခဲ့သည် မျက်ဝန်းမှာလည်း မျက်ရည်တွေဝိုင်းနေသော်လည်း မေမုန်မာန်ဆိုသောမိန်းမမှာ ငိုမဲ့သူမဟုတ်ပေ
"ဘကြီးသာငါ့ကိုမမွေစားခဲ့ရင် ငါသေနေလောက်ပီ ဒါပေမဲ့ ချစ်ချစ်ဆိုတဲ့ ခလေးမကသေဆုံးသွားပီ မေမုန်းမာန်ဆိုတဲ့ ငါရှင်သန်လာခဲ့တာ"
မေမုန်းမာန်ကတော့ မျက်ရည်မကျပေမဲ့ Roseyကတော့မျက်ရည်တွေ ကျနေသည်
"Rosey နင်ငိုနေတာလား ငါတောင်မငိုတာကို ခလေးကုလားနဲ့""ငါကနင့်လို့ အသည်းမာတဲ့လူမှမဟုတ်တာ ငိုမှာပေါ့ သနားတဲ့စိတ်ပျောက်အောင်လို့
ပြောတတ်တယ်နော် နင်ကတော့""ဒါနဲ့နင်ဘယ်နှစ်ရက်နေမှာလဲ ငါအကြာကြီးထမင်းကျွေးမထားနိုင်ဘူးနော် နင်ကတော်တော်အစားကြီးတော့"
မေမုန်းမာန်ရဲ့အပြောကြောင့် ငိုချင်နေတဲ့စိတ်တောင်ပျောက်သွားရသည်"နေမှာဟေ့ အကြာကြီးကို နင်မှာရှိသမျှတွေကုန်အောင်ကို ဖြုန်းပြီးမှပြန်မှာ"
ပြောရင်းနှစ်ယောက်စလုံး ရီလိုက်ကြတယ်
![](https://img.wattpad.com/cover/357384724-288-k488023.jpg)
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Nonfiksi"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" "ဟုတ်ကဲ့ သဲငယ်သိပါတယ် မမမုန်း သဲငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူး ဟို သဲငယ်ကျောင်းတက်ဖို့ပြင်ရအုံးမှာမို့လို့ ခွင့်ပြုပါအု...