part 29(uni+zaw)

1.9K 68 4
                                    

Unicode

မေမုန်းမာန်တစ်ရေးနိုးလာတော့ သူမဘေးမှာ အိပ်ပျော်နေတဲ့ ငယ့်ကိုငေးကြည့်နေမိသည် ငယ်ရဲ့က်အနှံ့ သူမရဲ့ကိုက်ရာတွေနဲ့ ပြည့်နှက်နေသလို ‌အိပ်ရာမှာလည်းသွေးကွက်ရှိနေသည် ငယ်ရဲ့ပိုင်ဆိုင်ရပြီဆိုပြီး ပျော်သလို မလုပ်သင့်တာလုပ်မိပြီဆိုတဲ့အပြစ်ရှိစိတ်တို့က ဒွိဟဖြစ်နေသည်

"ငယ် တို့ဒေါသကြောင့်ဖြစ်သွားရတာတွေအတွက် ‌တောင်းပန်ပါတယ်ငယ်ရယ် မင်းမုန်းမှာကို အရေးမစိုက်ဘူးလို့ပြောခဲ့တာက ဒေါသစိတ်ကြောင့်ပါ တကယ်တော့ ငယ်မုန်းရင်တို့သေသွားလိမ့်မယ် ဒါကြောင့်မမုန်းလိုက်ပါနဲ့"

ငယ်ကမကြားနိုင်ပေမဲ့ စကားတွေထိုင်ပြောနေမိသည် ငယ်နှဖူးလေးကို ဖွဖွလေးနမ်းရင်း ငယ့်ကိုရင်ခွင်ထဲထည့်ကာ ပြန်အိပ်စက်လိုက်သည်

"မမမုန်း နိုးလာပြီးလား"

တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် မေမုန်းမာန်မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမကိုမမှိတ်မသုန်စိုက်ကြည့်နေတဲ့ ငယ်ကိုတွေ့လိုက်ရသည်

"ငယ် ဘာလို့တို့ကိုစိုက်ကြည့်နေတာလဲ"

"ဟီး ကိုယ်ချစ်တဲ့လူကို ကြည့်တာလေ ဘာများမှားလို့လဲ"

"ငယ်တကယ်ပြောတာလား"

ကောက်ခနဲ ထထိုင်လိုက်မိတဲ့အထိ အံဩပြီး ဝမ်းသားမိသွားသည်

"ငယ် တို့ကို မမုန်းတော့ဘူးလား"

"ငယ်မမမုန်းကို မမုန်းပါဘူး ငယ်က စိတ်ထိခိုက်ပြီး ခနဆောက်တည်ရာမရ ဖြစ်သွားမိလို့ အဲ့ဒါကြောင့် မမမုန်းကို အဲ့လိုဆက်ဆံမိတာပါ"

"ဒါဆို အခုအရင်လို ငယ်က တို့ကိုပြန်ဆက်ဆံနိုင်ပြီလား"

"အင်း ဘာလို့လဲဆိုတော့ ငယ်ကမမမုန်းရဲ့အပိုင်ပဲ ဖြစ်နေပြီကို"

မျက်နှာလေးရဲကာ သူမရင်ဘက်ကိုဖွဖွလေးထုပြီး ရင်ခွင်ထဲဝင်ကာ ခေါင်းလေးဝှက်ထားတော့သည်

"မနေ့ကလေ တို့နည်းနည်းကြမ်းသွားတယ် ငယ်နာနေသေးလား"

"မမမုန်းနော် ဘာတွေလာမေးနေတာလဲ"

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now