Unicode
"Rosey ငါ အရင်မောင်းမယ် ငါပင်ပန်းတော့မှ နင်ဝင်မောင်း"
"ဟုတ်ပြီလေ"
မေမုန်းမာန်လမ်းတစ်ဝက်လောက်မောင်းပြီး နောက်ပိုင်းကျန်တာတော့ Roseyဆက်မောင်းမှာမို့လို့ သဲငယ်နဲ့ အတူ အနောက်ခန်းကို ပြောင်းထိုင်လိုက်တယ် မော်ကတော့ Rosey ဂျီကျမှုကြောင့် အနောက်ကနေ အရှေ့ခုံကို ပြောင်းထိုင်လိုက်ရတယ် မေမုန်းမာန် Roseyကို သိပ်ကြည့်မရပေ
"မော် အစောကြီးထရလို့ ပင်ပန်းနေလား"
"ရပါတယ် မပင်ပန်းပါဘူး"
"ဟုတ်လို့လား မျက်ကွင်းလေးတောင် ညိုနေပြီ"
"ဟဲ့ Rosey ကားကိုကြည့်မောင်းနော် နင်ကြောင်ချင်ရင် ဟိုရောက်မှကြောင်"
"ထစ်ခနဲရှိ ဩဇာသီးပဲရောင်းနေတယ် မော်တွေ့လား အဲ့မေမုန်းမာန်က တို့ကိုဆို အဲလို အနိုင်ကျင့်နေကျ"
ပြောလည်းမနိုင်တဲ့အတူတူ မေမုန်းမာန်ကပဲ မမြင်ချင်ယောင်ဆောင်ထားလိုက်တော့တယ်
ခရီးသွားဖို့ အစောကြီးထရတာကြောင့် သဲငယ်လည်း အိပ်ပျော်သွားသည်
"ငယ် ထတော့လေ ဟိုတယ်ရှေ့ရောက်ပြီ"
" ဟင် ရောက်ပြီလား" အိပ်ရာက နိုးလားပြီး အူကြောင်ကြောင်လုပ်နေတဲ့ သဲငယ်က အရမ်းကို ချစ်ဖို့ကောင်းလွန်းနေသည်
"အင်း တို့လက်မောင်းလည်း နည်းနည်းကျင်နေပြီ"
မမမုန်းပြောတော့မှ သဲငယ်မမမုန်းလက်ကို မှီအိပ်နေတာကို သတိထားမိတော့သည် အင်္ကျီလက်ပေါ်မှာ သွားရည်ကွက်တောင်ရှိနေသည်
"တောင်းပန်ပါတယ် မမမုန်း တော်တော်ကျင်နေလား ငယ်နှိပ်ပေးရမလား"
"ရတယ်ငယ် ခနနေရင်ပျောက်သွားလိမ့်မယ် ငယ်မှီထားတာပဲ ဘာမှမဖြစ်ဘူး တို့ကပျော်နေတာ"
"မမမုန်း" ဆိုပြီး သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ စိုက်ကြည့်နေပြန်သည်
"အဟမ်း အဟမ်း ကားပေါ်ကမဆင်းကြသေးဘူးလား"
Roseyကိုကျ ပြောဆိုနေပြီး သူကျတော့ ရိုပြနေသည် မတရားလိုက်တာ သူတို့ကျ အကြည့်ချင်းဆုံလို့ ပြောကို မပြောချင်ဘူး
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasy"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
