part 19(uni+zaw)

2.4K 73 0
                                    

  Unicode

    "မေမုန်းမာန်"

    "Rosey" ကျနေတဲ့ မျက်ရည်တွေကို မေမုန်းမာန် ချက်ခြင်းသုတ်ပစ်လိုက်သည်

     "နင်လည်း သဲငယ်ကို ချစ်နေတယ်မလား"

     "ငါ"  ဘာမှဆက်မပြောဘဲ တိတ်ဆိတ်နေသည် တိတ်ဆိတ်နေခြင်းက ဝန်ခံတယ်ဆိုတာကို Rosey သဘောပေါက်လိုက်သည်

     "ဒါဆို ဘာလို့ ဒီလိုတွေလုပ်နေတာလဲ မေမုန်းမာန်ရယ် နင်သူ့ကို ဘာလို့ ဖွင့်မပြောပြရတာလဲ"

      "ငါက ဘယ်လိုပြောပြရမှာလဲ Rosey သူ့မိဘတွေကို သတ်ထားတဲ့ ငါက သူ့ကို ဘယ်လိုစိတ်မျိုးနဲ့ ချစ်တယ်လို့ပြောနိုင်မှာလဲ"

       "ဘာ နေအုံး နင်ပြောတာက နင်က သူ့မိဘတွေကို"
Rosey ဘာဆက်ပြောရမှန်းတောင် မသိတော့ပေ

       "ဟုတ်တယ် ငါသတ်လိုက်တာ"  အခန်းထဲမှာ တိတ်ဆိတ်သွားသည်

      "ဘုရားရှင်ကဟောတာကြားဖူးတယ် ဂလဲ့စားချေတာတွေ အမုန်းတရားတွေက သူများကိုရော ကိုယ်ကိုတိုင်ပါ ပူလောင်ရတယ်တဲ့ အဲ့တုန်းက ငါမယုံခဲ့ဘူး အခုတော့ ငါ့ရင်တွေ ပူလောင်နေရပြီ

     ငါ့မမှားဘူးလို့ အမြဲထင်ခဲ့တာ အခု ငါအရမ်းနောင်တရမိတယ် ငါသာ လက်စားမချေခဲ့ရင် ငါ့တို့နှစ်ယောက်က အခုလို ဖြစ်နေမှာ မဟုတ်ဘူး ဟုတ်တယ်မလား Rosey"

     "မေမုန်းမာန်ရယ်" Roseyပခုံးကို ပုတ်ပြီး နှစ်သိမ့်ရုံအပြင် ဘာမှမတတ်နိုင်ပေ

-----------------------------------------------------------
     "ဟိုတစ်ယောက် မသေနိုင်သေးဘူးပဲ အခု ဘယ်လိုနေမလဲ သွားကြည့်အုံးမှပဲ"

ဟန်နီခင်အောက်ဆင်းလာရင်း မေမုန်းမာန်နဲ့ Roseyတို့ နှစ်ယောက်ကို တွေ့တော့ တစ်ခုခုပြောနေပုံရသည် ဒါကြောင့် နားထောင်ခဲ့သည်

   " Rosey သူ့မိဘတွေကို သတ်ထားတဲ့ ငါက သူ့ကို ဘယ်လိုစိတ်မျိုးနဲ့ ချစ်တယ်လို့ပြောနိုင်မှာလဲ"

  "Oh my god မေမုန်းမာန်က သဲငယ်မိဘတွေကိုသတ်တဲ့ လူတဲ့လား"
သူ့တို့ပြောနေတာတွေကို နားထောင်းရင်း ဖုန်းနဲ့ အသံဖမ်းထားလိုက်ပြီး သတိမထားမိခင် အမြန်ပြန်ထွက်လာခဲ့သည်

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now