Unicode
"ဟန်နီခင် မင်းသက်သာရဲ့လား"
"ဟန်နီ သက်သာပါတယ် မာန်ရော တစ်ခုခုဖြစ်သွားသေးလား"
"ငါဘာမှ မဖြစ်ပါဘူး ငါကို ကယ်လို့မင်းဒီလိုဖြစ်သွားတာ ဒါကြောင့် မင်းကျန်းမာလာတဲ့ အထိ ငါ့အိမ်မှာနေလို့ရတယ်"
"မာန် မာန်တကယ်ပဲ ဟန်နီကို နေခွင့်ပေးလိုက်တာလား ဟန်နီ သေပျော်ပါပြီ"
"မင်းအခုနားလိုက် ငါမင်းကိုစောင့်ပေးမယ် မနက်ကျရင်မှအိမ်ကို ခေါ်သွားမယ်"
"အင်း ကျေးဇူးပါမာန်"
-----------------------------------------------------------
"ကားသံကြားတယ် မမမုန်းပြန်လာပြီထင်တယ်"
အောက်ထပ်ကို ဝမ်းသာအားရပြေးသွားခဲ့ပေမဲ့ မမမုန်းလက်ကို တွဲကာ ဆင်းလာတဲ့ မမဟန်နီခင်ကို မြင်လိုက်ရတာကြောင့် ခြေလှမ်းတွေက တုံ့ခနဲ ရပ်တန့်သွားသည် ငယ့်ကိုမြင်တော့ ဟန်နီခင်ရဲ့ လက်တွေကို ဖြုတ်ချလိုက်သည် မမRosey ကလည်း ကြောင်သွားသည့်ပုံပင်
"ငယ် ဟန်နီခင်က ဒီရက်ပိုင်း အိမ်မှာနေလိမ့်မယ် ငယ်ခွင့်ပြုပေးမယ်မလား"
"ဒါက မမမုန်းရဲ့အိမ်ပါ ငယ်ရဲ့ ခွင့်ပြုချက်တောင်းခံစရာ မလိုပါဘူး"
မျက်လွှာချကာပြောလာတဲ့ ငယ်က သူ့ကို အထင်လွှဲနေတဲ့ပုံပင် ခနနေမှ ငယ်ကို ဖြစ်ကြောင်းကုန်စင် သေချာရှင်းပြတော့မယ်
"မေမုန်းမာန် ငါနဲ့ စကားခနပြောရအောင်"
"အင်း မပု ဟန်နီခင့်ကို နားဖို့ခေါ်သွားတော့"
ဟန်နီခင်ကို သွားခိုင်းလိုက်ပြီး Roseyနောက် လိုက်သွားသည်
"မေမုန်းမာန် ဘာတွေဖြစ်ကုန်တာလဲ ဟန်နီခင်ကို ဘာလို့ပြန်ခေါ်လာတာလဲ ငါ့ကို အကုန်ရှင်းပြ"
"မနေ့က"
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ Roseyက ငြိမ်ကာစဉ်းစားနေသည်
"သူတကယ်ပဲ ပြောင်းလဲသွားတယ်ဆိုရင်တော့ ဇယားမရှိပါဘူး ဒါပေမဲ့ သူ့မှာ အကြံအစည် ရှိမရှိ စောင့်ကြည့်ရယ် မေမုန်းမာန်"
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Фэнтези"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
