part 27(uni+zaw)

4.8K 131 6
                                        

Unicode

"မမမုန်း ငယ်ဆာ‌တယ် စားရအောင်နော်..."

"ဟမ်"

သူ့ကိုရီ‌ဝေဝေလေးစိုက်ကြည့်ကာ ပြောလိုက်တဲ့ငယ်ကြောင့် အံ့ဩသွားမိကာ ဝမ်းသာသွားတော့သည်

"တကယ်လား တို့လည်းအတူတူပဲ အခန်းထဲသွားရအောင်"

"ဟင် ဘာလို့အခန်းထဲ သွားရမှာလဲ ထမင်းစားခန်းကို သွားရမှာမဟုတ်ဘူးလား"

"ငယ်ပဲဆာတယ်ဆို"

"အင်း ဗိုက်ဆာနေတာလေ မမမုန်းကလည်း အူကြောင်ကြောင်နဲ့ သွားစားတော့မယ်"

သူမကို စိတ်မရှည်သလိုပြောကာ ငယ်ကတော့ ထွက်သွားသည်

"ဪ ဒီခလေးမကတော့ ဗိုက်ဆာတာ ရိုးရိုးတန်းတန်းမပြောဘဲနဲ့ ငါ့ကို လာလာစမ်းနေတယ် ဒီကသူတော်စင်မဟုတ်တာ ခက်တာပဲ ဟင်း.."

သက်ပြင်းချသလို သူ့ဘာသာပြန်စဉ်းစားရင်း ရယ်နေမိတော့သည်

-----------------------------------------------------------

"သဲငယ် တို့စကားခနလောက်ပြောစရာရှိလို့ ရမလား"

"ရပါတယ် မမဟန်နီ ဘာပြောချင်လို့လဲ"

"ဒီရက်ပိုင်းမှာ အရင်ကအကြောင်းတွေ စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်မိတယ် အထူးသဖြင့်ငယ်နဲ့ ပတ်သတ်ပြီးတော့ပေါ့ ငယ်အပေါ်မကောင်းခဲ့တာတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ငယ်က တို့ကို ခွင့်လွှတ်နားလည်ပေးလေ တို့ကပိုပြီးအားနာလာလေပဲ"

"အရင်ကဖြစ်ပြီးတာတွေက ပြီးပါစေတော့ မမဟန်နီရယ် သဲငယ်ကို အခုလိုတွေ အားနာနေဖို့မလိုပါဘူး"

"သဲငယ်ရဲ့ ဒီလိုစိတ်ကောင်းလေးတွေကြောင့် တို့ငယ်လှည့်စားခံနေရတာကို ကြည့်မနေနိုင်တော့ဘူး"

"ငယ်ကို လှည့်စားတယ် ဘယ်သူကလဲ"

"မာန်လေ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မမဟန်နီ မမမုန်းက သဲငယ့်မိဘတွေတိမ်းပါးသွားထဲက စောင့်ရှောက်လာတာအခုအရွယ်ထိပဲလေ မမမုန်းလောက်ကောင်းတဲ့လူ ဒီဘဝမှာ ထပ်မရှိနိုင်တော့ဘူး"

"ရိုးအလိုက်တာ ‌သဲငယ်ရယ် သူစောင့်ရှောက်ထားတာက သူ့အပြစ်ကိုလျော့စေဖို့နဲ့ ငယ့်ကို နှိမ့်စက်ဖို့အတွက်ပဲ"

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now