part 7 (uni+zaw)

2.4K 71 0
                                    

   Unicode

  "သဲငယ်လေးရေ ပြင်ဆင်လို့ပြီးပြီလား အောက်မှာမမလေးစောင့်နေတယ် ‌တက္ကသိုလ်စတတ်တဲ့နေ့ နောက်ကျနေအုံးမယ်နော်"

   "ဟုတ်ကဲ့ကြီးတင် သဲငယ်လာပါပြီ"

   "ဟယ် ကြီးတင်ရဲ့သဲငယ်လေးကလှလိုက်တာ ကြွေရုပ်ခလေးလိုပဲ တက္ကသိုလ်လွှတ်ရမှာတောင်စိတ်မချဘူးကွယ်"

   "ဘာလို့လဲကြီးတင် သမီးကျောင်သွားနေကျပဲကို"

   "မတူဘူးလေသမီးရယ် တက္ကသိုလိက လူပေါင်းစုံရယ်နဲ့ သမီးလေးကအရမ်းလှတော့
ကောင်လေးတွေက ဝိုင်းပိုးပန်းကြမှာ"

  "ကြီးတင်ကလည်းပူစရာမဟုတ်တာကို စိတ်ပူနေတာကို စိတ်ချပါကြီးတင်ရယ် သဲငယ်အနေအထိုင်ဆင်ခြင်ပါမယ်နော်"ပြောပြီး အောက်ကိုဆင်းလာခဲ့သည်

‌လှေကားတစ်ထစ်ဆင်းကိုဆင်းလာရင်း သူမကိုပြုံးပြနေသောခလေးမကို မေမုန်းမာန်ငေးကြည့်နေမိသည် လှသည် အရမ်းကိုလှသည် ခါးလောက်အရှည်ရှိတဲ့ နက်မှောင်တဲ့ဆဲသားလေး မကျဉ်းမကျယ်နှဖူးပြင်လေ နှာတံလုံးလုံးလေး နှုတ်ခမ်းဖူးဖူးလေး ‌ဖွေးဖြူတဲ့ အသားအရေ အရုပ်ခလေးအလား

   "ငါဘာတွေတွေးနေတာလဲ မေမုန်းမာန် နင်စိတ်ထိန်းစမ်း"

မမမုန်းတစ်ယောက်တည်းဘာတွေတိုးတိုး တိုးတိုး ပြောနေတာလဲမသိဘူး သဲငယ်နောက်ကျလို့ဆူတော့မယ်လို့ သဲငယ်ထင်မိနေသည်

   "ရောက်ပါပီ မမမုန်း"

    "ဒီမှာခလေးမ ငါကမင်းရဲ့ ကားဒရိုင်ဘာမဟုတ်ဘူး နောက်တစ်ခါငါစောင့်မနေရစေနဲ့ ကြာလား"

   "ဟုတ်ကဲ့ပါမမမုန်း နောက်မဖြစ်စေရပါဘူး" လမ်းတစ်လျှောက်တိတ်ဆိတ်နေသည် မမမုန်းစကားမပြောပဲနဲ့ သဲငယ်အရင်စကား‌မပြောရဲ‌ပါ ကားနောက်ခန်းကပဲ မမမုန်းကို ကားမှန်ထဲကတစ်ဆင့်ကြည့်နေမိသည် မမမုန်းကသဲငယ်ထက်အသက် 12နှစ်ကြီးသည် အခုဆိုမမမုန်းကအသက်32နှစ် မမမုန်းက30ကျော်မထင်ရလောက်အောင်နုသည် လှတယ်ဆိုတာထက် ထက်မြက်ပီ စမတ်ကျတဲ့ပုံစံမျိုးပင် ဆွဲဆောင်မှုရှိလွန်းလို့ သမင်လည်ပြန်ငေးရလောက်သည် 

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now