Unicode
"မေမုန်းမာန် ချစ်သူငယ်ချင်းကြီးရေ ဒီနေ့ အရမ်းပျော်ဖို့ကောင်းတာပဲ"
"တော်တော်ပျော်နေတာလား"
"ဒါပေါ အရမ်း အယ်"
မေမုန်းမာန်ဆီက နဂါးမျက်စောင်းကို လက်ဆောင်ရလိုက်တာကြောင့် အခြေအနေမကောင်းတာကို သိလိုက်ရသည်
"အဲ့လောက်တော့ မဟုတ်ပါဘူး ပျော်ဖို့ကောင်းတယ်ဆိုပေမဲ့ပေါ့ နင်ဘာဖြစ်နေတာလဲ"
"ငါသဲငယ်ကို စိတ်ထိခိုက်အောင်လုပ်မိပြန်ပြီ ငါမရည်ရွယ်ခဲ့ပါဘူးဟာ"
ဖြစ်ကြောင်းကုန်စင် Roseyကို ပြောပြလိုက်သည်
"ငါသူ့ကို စိတ်ပူလွန်ပြီး ဆူမိသွားတာပါ ဒါပေမဲ့ ငါပြန်တောင်းပန်ဖို့ကို ဘယ်ကနေစရမလဲ မသိဘူးဖြစ်နေတယ်"
"ငါမှာ အကြံရှိတယ်ဆိုရင်ကော"
"ဘာအကြံလဲ"
"ငါတို့တွေ အပန်းဖြေခရီးထွက်ရအောင် သဲငယ်သူငယ်ချင်းလည်းပါလိမ့်မယ် ဒါဆိုသူလည်း စိတ်လန်းဆန်းသွားတာပေါ့"
"မဆိုးဘူးပဲ နင့်ခေါင်းက ဒီလိုသုံးစားလို့ရမယ်လို့ မထင်ထားမိဘူး"
" ကျေးဇူးမတင်ဘဲ ဟိုဟာလှန်ပြတယ်ဆိုတာ နင်ကိုပြောတာနေမယ်"
"အရမ်း အရမ်းကျေဇူးတင်ပါတယ် မRoseyရယ် ကျေးဇူးတော်ကြီးလှပါတယ်"
"ရပါတယ် ရပါတယ် ခရီးထွက်မယ့်အကြောင်း သဲငယ့်ကို နင်ပဲပြောလိုက် တစ်ခါတည်းတောင်းပန်စကားပါပြော"
"ငါသွားပြောလိုက်မယ် ဘယ်ကိုသွားမှာလဲ
"ငွေဆောင်ကို"
"ငါတို့သွားတော့ ဟုတ်ပါပြီ ဒါပေမဲ့ ငါတို့သွားရင် ဟန်နီခင်ကရော"
"စိတ်မပူနဲ့ ဟန်နီခင်ကိစ္စ ငါတာဝန်ထား နင်သာ သဲငယ်ဆီသွားပြော"
"အင် ငါအခုသွားပြီ"
မေမုန်းမာန်ခြေလှမ်းတွေ တက်ကြွစွာနဲ့ သဲငယ်အခန်းဆီကို သွားနေသည်
"မေမုန်းမာန် နင်လည်း fall in love နေပြီပဲ င့ါလိုပေ့ါ"
Roseyထွက်သွားတဲ့ မေမုန်းမာန်ကြည့်ပြီး ပြုံးရင်း ပြောနေမိသည်
-----------------------------------------------------------
ငယ်အခန်းထဲမှာ ငိုတာကြာသွားလို့ ခေါင်းတွေကိုက်လာသည် ဒါကြောင့် ဆေးသောက်ဖို့ အပြင်ကို ထွက်လာသည်
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasi"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
