Unicode
"သဲငယ် နင်နေကောင်းသွားပြီလား"
"နေကောင်းပါတယ် မော်ရယ် ဒါကြောင့်ကျောင်းလာတက်တာပေါ့"
"နင်ကျောင်းမတက်တော့ ငါအရမ်းပျင်းတာလဲ ဟိုကိုနောင်ကလည်းမလာနဲ့"
"ဟော အသက်ရှည်အုံးမယ် ဟိုမှာ ကိုနောင်လာနေပြီ"
မော်ပြောသလို ကိုနောင်က သူတို့ဆီကိုလာနေသည် သဲငယ်တို့အနားမှာ ရှိတဲ့ မိန်းခလေးတော်တော်များများရဲ့ မျက်လုံးတွေက ကိုနောငိဆီမှာပင် ကိုနောင်က အရမ်းဆွဲဆောင်မှု ရှိတာမှန်ပေမဲ့ သဲငယ်အတွက်တော့ သာမာန်ပင်
"သဲငယ် နေကောင်းသွားပြီလား ကိုနောင်ကစိတ်ပူနေတာ"
"ကျေးဇူးပါကိုနောင် သဲငယ်နေကောင်းသွားပါပြီ"
"မော် ကိုနောင်သဲငယ်ကို စကားပြောစရာရှိလို့ ခနလောက် ရှောင်ပေးပါလား"
မော်က သဲငယ်ကလှည့်ကြည့်တော့ သဲငယ်ကခေါင်းညိမ့်ပြတာကြောင့် ထွက်သွားသည်
"သဲငယ် ကိုနောင် သဲငယ်ကို ချစ်တယ်"
"သဲငယ် သိပါတယ်"
"ဒါဆိုလည်း ကိုနောင်ကို အဖြေပြန်ပေးပါလား"
သဲငယ်လက်ကို ကိုင်ထားတာကြောင့် သဲငယ်ရုန်းလိုက်တော့ ကိုနောင်လွှတ်ပေးလိုက်သည်
"သဲငယ် ကိုနောင်ကိုငြင်းပါရစေ သဲငယ်အချစ်ရေးကို မစဉ်းစားချင်သေးလို့ပါ"
သဲငယ် ပြောပြီး ကိုနောင်ဆီက ထွက်လာခဲ့လိုက်သည်
"တကယ်လို့ ဒီစကားတွေကို မမမုန်းသာပြောမယ်ဆိုရင် သဲငယ်ချက်ချင်းကို လက်ခံမိမှာပဲ"
-----------------------------------------------------------
ဖုန်းထဲက ရော့စ် ပို့လိုက်တဲ့ ဓာတ်ပုံကိုကြည့်ပြီ မေမုန်းမာန် ဖုန်းကို ပေါက်ခွဲလိုက်ပြီး ကားကို တရှိန်ထိုးမောင်းထွက်သွားသည် ဟန်နီခင် ဘာဖြစ်တာလဲ သိချင်တာကြောင့် ဖုန်းကို ကောက်ကြည့်လိုက်တော့ မှန်တွေကွဲနေပေမဲ့ သဲငယ်ရဲ့လက်ကို လူတစ်ယောက်က ကိုင်ထားတာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Non-FictionUnicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းနေမယ်ဆိုတာမင်းမှတ်ထားလိုက်သဲငယ် မေမုန်းမာန် "ပထ...