Unicode
"ညီမ အခန်း check out လုပ်ချင်လို့"
"စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်မေမုန်းမာန်ပါလား"
"ဦးအဂ္ဂနောင်"
ဟန်နီခင်ရောက်လာပြီးနောက် ငွေဆောင်ကပြန်ဖို့ဆုံးဖြတ်လိုက်တော့သည် အခန်း check out လုပ်ပြီးအပြန် ဦးအဂ္ဂနောင်နဲ့ ဆုံခြင်းပင်
"ဒေါ်မေမုန်းမာန် ဒီရောက်နေတာ မသိခဲ့ဘူး ကျွန်တော်က ငွေဆောင် hotel ဖွင့်မလို့ ကျွန်တော်ရဲ့ အလုပ်ကို လုမလို့တော့ မဟုတ်ဘူးမလား"
"စိတ်ချပါ ကျွန်မက သူများအလုပ်ကိုမလုတတ်ဘူး ကိုယ့်အရည်းအချင်းအစစ်နဲ့ပဲ တစ်ဆင့်ချင်း သွားတတ်တာ "
"ဒီလိုကြားရတော့ တကယ်ဝမ်းသာရတာပေါ့ဗျာ"
"ဒါဆို သွားလိုက်ပါဦးမယ် အခုတောင် ကျွန်မရဲ့ အဖိုးတန်အချိန်တွေ တော်တော်ကုန်သွားတာပဲ"
"မာနကြီးနိုင်တုန်း ကြီးထားအုံးပေါ့"
မေမုန်းမာန်ထွက်သွားတော့ ဦးအဂ္ဂနောင် အောက်သက်သက်နဲ့ကျန်ခဲ့သည်
-----------------------------------------------------------
အိမ်ကိုပြန်ရောက်ပြီးနောက်ပိုင်း မမမုန်းခရီးသွားတုန်းက နားထားတဲ့ အလုပ်တွေ ဖိလုပ်နေရတာကြောင့် ငယ်နဲ့ မမမုန်းသိပ်မတွေ့ဖြစ် နဂိုလိုပြန်ပြီး အေးစက်စက်ဖြစ်သွားမှာ ငယ်စိုးရိမ်မိသည် မမRoseyကလည်း မော်ဆီသွားရင်သွား မဟုတ်ရင် လျှောက်လည်နေတာကြောင့် ညနက်မှ ပြန်ရောက်လာတတ်သည် အရမ်းပျင်းဖို့ကောင်းသည်
"မမလေး"
"ဘာလဲ မပု"
"မမဟန်နီခင်ခေါ်ခိုင်းလို့ပါ"
"အင်း သဲငယ် အခုပဲသွားလိုက်မယ်"
ဘာလို့ခေါ်မှန်းမသိပေမယ် မသွားလို့မှ မဖြစ်တာလေ
"မမဟန်နီခင် သဲငယ်ကို ခေါ်ခိုင်းတာ ဘာကိစ္စရှိလို့လဲ သဲငယ်ဘာလုပ်ပေးရမလဲ"
"ဖြောင်း" ပါးရိုက်ခံလိုက်ရတာကြောင့် သဲငယ်ကြောင်သွားသည်
"နင်က မာန့်ကိုမြူစွယ်ရဲတယ်ပေါ့"
" အဲ့လိုမဟုတ်ပါဘူး မမဟန်နီခင် သဲငယ် မမမုန်းကို မမြူစွယ်ပါဘူး"
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Fantasy"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
