Unicode
မေမုန်းမာန်သူ့လက်ကိုပြန်ကြည့်နေမိကာ သဲငယ်ကိုရိုက်ခဲ့တာကို တွေးမိနေတယ် မရိုက်ပါနဲ့လို့ တောင်းပန်နေတဲ့ခလေးမရဲ့အသံ ပါးပြင်နုနုမှာ စီးကျနေတဲ့မျက်ရည်တွေ သူ့ရင်ထဲမကောင်းပေ။ တကယ်ဆိုသူပျော်ရမှာလေ ကိုယ့်မိဘကိုသတ်ထားတဲ့လူတွေရဲ့သမီးက အဲ့လိုနာကျင်နေရင် ပျော်ရမယ်မလား သူ့စိတ်ကထင်သလို မမာကျော မရက်စက်နိုင်သေးပါလား
"မ မရိုက်ပါနဲ့ မမမုန်း နောက်မလုပ်တော့ပါဘူး ဖေကြီး မေကြီးမသွားပါနဲ့နော်" သဲငယ်လေးအဖျားတွေတတ်နေသည် တစ်ခါမှအရိုက်မခံဘူးတဲ့ ခလေးက အရိုက်ခံရတော့ အပူတွေတက်နေတာကြောင့် ကြီးတင်လည်းဘေးမှာစောင့်နေရင်း မမလေးကိုသွားပြောရင်လည်း အော်ခံရမှာလည်းကြောက်ရသေးသည်
"ဒေါက် ဒေါက်"
"ဘယ်သူလဲ"မေးပြီ Rosey တံခါးသွားဖွင့်လိုက်သည်
"ဪ ကြီးတင်ပါလား ဘာကိစ္စရှိလို့လဲကြီးတင်"
"သဲငယ်လေးနေမကောင်းဖြစ်နေလို့ပါ မRosey အဲ့တာခနလောက် လိုက်ကြည့်ပေးပါလား"
"အခုလိုက်ခဲ့မယ်ကြီးတင်" Roseyတတ်နိုင်သမျှ လုပ်ပေးပေမဲ့လည်း အဖျားကမကျသေး
" မေမုန်းမာန် မေမုန်းမာန် ထအုံး"ခေါ်သံကြောင့် မေမုန်းမာန်တစ်ယောက်နိုးလားခဲ့သည်
" ဘာကိစ္စရှိလို့လဲ Rosey အရေးမကြီးရင် နင်သေပီသာမှတ်"
"အရေးကြီးတဲ့ဟေ့ သေမှာငါတော့မဟုတ်ဘူး ဟိုခလေးမ "
"ခလေးမ သူဘာဖြစ်လို့လဲ"
"အဖျားတွေကြီးနေတယ် ငါရေပတ်တိုက်ပေးတာလဲမရဘူး" မေမုန်းမာန်အရမ်းစိုးရိမ်မိသွားတာအမှန်ပင် အပြင်ပန်းမှာတော့ တည်ငြိမ်သလို ဟန်ဆောင်နေဆဲပင်
"ဆေးထိုးလိုက်လို့ အဖျားတော့ကျသွားပါပြီ ကျွန်တော်ပြန်လိုက်ပါအုံးမယ်"
"ဟုတ်ကဲ့ပါ ဒေါက်တာ.ကြီးတင် ဒေါက်တာကိုလိုက်ပို့ပေးလိုက်ပါ" ခလေးမကိုကြည့်ရတာ ဖြူဖက်ဖြူရော်နဲ့ အားမရှိတဲ့ပုံပင် တစ်ခါတလေ မရိုက်ပါနဲ့လို့လည်းထယောင်နေသေးသည် သူတော်တော်လက်လွန်သွားသည် ခလေးမကိုအဲ့လိုမြင်ရတာ စိတ်မကောင်းမိပေ
YOU ARE READING
မမမုန်းရဲ့အမုန်းတော်ခံ. မမမုန်းရဲ့အမုန်းတော်ခံ(Complete)
Фэнтези"ခလေးမ မနေ့ညကကိစ္စက ငါအရက်အရမ်းမူးနေလို့ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာခံစားချက်မှ မရှိဘူး အဲဒါမင်းသိအောင်လာပြောတာ" မေမုန်းမာန် " ငယ်ဘာမျှော်လင့်ချက်မှ မထားပါဘူးလို့ ပြောခဲ့ပေမယ့်လည်း မမမုန်းနားမ...
