part 2 (uni+zaw)

3.2K 102 0
                                    

    Unicode

သဲငယ်အရမ်းကြောက်နေမိသည်။ သူ့ကိုခေါ်လာသောအန်တီကိုလည်းကြောက်မိသည်။ အိမ်ကြီးကလည်းရုပ်ရှင်တည်းကသရဲခြောက်သည့်အိမ်လိုပင် သဲငယ်တစ်ယောက်ငိုချင်သည့်စိတ်ထိန်းမရ၍ အသံအကျယ်ကြီးနဲ့ငိုချလိုက်သည်
     "ကျစ် နားညီးလိုက်တာ ဘာလို့ငိုနေတာလဲ ကလေးမ" အလိုမကျစွာနဲ့မျက်မှောင်ကြုတ်မေးလိုက်တော့ကလေးမကပိုတိုးလိုပင်ငိုလာသည်
      "တိတ်စမ်း ငါကစိတ်ရှည်တတ်တဲ့လူမျိုးမဟုတ်ဘူး မင်းထပ်ငိုနေရင် မြေအောက်ခန်းထဲမှာ မင်းကိုပိတ်ထားလိုက်မယ်"
မေမုန်းမာန်ရဲ့အပြောကြောင့်သဲငယ်လေးမငိုရဲတော့ သို့ပေမယ့်ရှိုက်သံကတော့ထွက်နေပဆဲ
    "ဒါနဲ့မင်းနာမည့်ကသဲငယ်နော် မင်းအသက်ကဘယ်လောက်လဲ"
     " သ သမီးအသက်က ၁၀နှစ်ပါအန်တီ ရွှတ်" အန်တီ‌ဆိုသောနာမ်စားကြောင့် သဲငယ်ကိုစူးရဲစွာကြည့်လာပြန်သည် သဲငယ်တစ်ယောက်ခြေထောက်ပင်‌ခွေကျသွားချင်လောက်အောင်ကြောက်မိသည်
    "ငါကအဲလောက်အသက်ကြီးတဲ့ပုံပေါ်လို့လား ငါ့ကိုဒီနေ့ကစပီးမမမုန်းလို့ခေါ် မင်းကလေ တကယ့်ကိုမုန်စရာလေးပါလားခလေးမ"
      "ဟုတ် ဟုတ်ကဲ့ပါ မမမုန်း"
      
     "မင်းကိုကြီးတင်ကပဲဆက်ထိန်းလိမ့်မယ် ကြီးတင်ဝင်လာခဲ့ပါ" သူမ၏ခေါ်သံကြားမှကြီးတင်ဝင်လာလေသည် သဲငယ်အလွန်ပျော်မိ၍ထခုန်ချင်ပေမယ် မမမုန်းကိုကြောက်၍ ငြိမ်နေရသည်
  
     "ကြီတင်ကတော့အောက်အထပ်က အခန်းမှာနေ ပီးတော့မင်း ငါ့အခန်းဘေးကအခန်းမှာနေရမယ် ငိုသံတွေငါထပ်မကြာချင်းဘူး ကြာလား"
   
      "ဟုတ်ကဲ့ပါ မ မမမုန်း"
ပြောပီးလှေကားပေါ်တတ်သွားသောမမမုန်း
   
      ဒီနေ့တစ်ရက်တော့ သဲငယ်အိပ်ပျော်နိုင်မည်မဟုတ်ပါ
     
      "ကြီးတင် ဟိုခလေးမရော" ထမင်းစားဝိုင်းတွင်ထိုင်ရင်မေးလိုက်သည်

     "သဲငယ်လေးက ဒီအချိန်မထသေးဘူးမမလေး ကျောင်းသွားခါနီးမှထတာ အခုမှခြောက်နာရီပဲရှိပါသေးတယ် " အလိုမကျစွာနဲ့ သောက်လိုက်စကော်ဖီခွက်ကိုချလိုက်ပီးကြီးတင်ကို စိုက်ကြည့်လိုက်သည်
 
        "အခုပဲ အဲ့ခလေးမကိုသွားနှိုးလိုက်ပါကြီးတင် သူ့အိမ်မှာမင်းသမီးလေးလို နေရရဂ်နေရမယ် ကျွန်မအိမ်မှာတော့မရဘူး အခုချက်ခြင်း သွားနှိုးပီး ခေါ်လာခဲ့ပါ" အမိန့်ဆနိသောအသံကိုဘယ်သူလွန်ဆန်နိုင်မည်နည်း

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံ(Complete)Where stories live. Discover now