5

2.3K 140 3
                                    

'ကင်မ်...ကင်မ်'

ထိုနာမ်စားတစ်လုံးတည်းကို​ရေရွတ်ရင်းနဲ့ ​​ချွေး​စေး​တွေနဲ့အတူ ​ဂျောင်ကုနိုးလာခဲ့သည်။ရင်ဘတ်တစ်ခုလုံးစုန်ချည်ဆန်ချည်​​ရွေ့လျား​နေသလို ​မျက်လုံးဝိုင်း​တွေမှာလည်းမျက်ရည်​တွေအပြည့်။နာကျင်​စွာငို​ကျွေး​နေတဲ့ဝဲဘက်ရင်အုံကို ဖိကိုင်ရင်း'ကင်မ်'ဟုတိုးတိုး​ရေရွတ်၍ ​ဂျောင်ကုငိုချလိုက်​တော့သည်။

သူအိပ်မက်အရှည်ကြီးမက်​နေခဲ့တာ။အိပ်မက်ထဲမှာ သိပ်ချစ်ဖို့​ကောင်းတဲ့ ဆံပင်​ကောက်​ကောက်နဲ့ကင်မ်​သေး​သေး​လေးကိုတွေ့ခဲ့တယ်။ကင်မ်ကအခန်းနံပါတ်9ထဲက ပြတင်း​ပေါက်နားမှာ ​ချော့မယ့်သူမရှိပဲငို​နေတာ။ဘယ်​​လောက်သနားဖို့​ကောင်းလိုက်သလဲ?

"အစ်ကို​ဂျောင်ကု!"

​ဂျောက်ခနဲတံခါးဖွင့်သံနဲ့အတူ ကြားလိုက်ရတဲ့အသံစူးစူး​ကြောင့် ​မျက်ရည်​တွေကိုမြန်မြန်သုတ်လိုက်သည်။

"​နောက်ဆုံး​တော့ အစ်ကိုနိုးလာပြီ​ပေါ့...အစ်ကို့ကို​သေသွားပြီထင်​နေတာ"

သူ့ကိုအတင်းလာဖက်ပြီးငို​နေတဲ့​ဆောဟာနူးကို တွန်းထုတ်လိုက်သည်။ဒီ​ကောင်​လေးက စကားကို​ပြောချလိုက်ရင်အမြဲတစ်ဆုံးပဲ။

"ငါဘယ်နှရက်​တောင် အိပ်​ပျော်သွားတာလဲဟာနူး"

"နှစ်ရက်​လုံးလေ"

ဟာနူးစကား​ကြောင့်​ဂျောင်ကုပြုံးမိသည်။ဟာနူးက​တော့​ဂျောင်ကုကိုအထူးအဆန်းသဖွယ်ကြည့်ပြီး နဖူးကိုစမ်းသည်။​အစ်ကိုကအထိုးခံရပြီး ရူးသွားတာများလား?

"အစ်ကိုဘာလို့ပြုံး​နေတာလဲ...ဦး​နှောက်ထိသွားတာလား"

​ဂျောင်ကုလည်းသက်ပျင်းချပြီးသာ နဖူး​ပေါ်ကဟာနူးလက်ကိုဖယ်လိုက်သည်။သူနှစ်ရက်​တောင်အိပ်​​ပျော်သွားလို့ ကင်မ်ကို​တွေ့ခဲ့ရတာ​လေ။ကင်မ်နဲ့သာအမြဲအိပ်မက်ထဲမှာ​တွေ့​ရမယ်ဆိုရင် သူဒီတစ်သက်ပြန်မနိုးလာ​တော့လည်း ဖြစ်တယ်။

"ငါစုံစမ်းခိုင်းထားတာ​ရော"

​ဂျောင်ကု​မေး​တော့ ဟာနူးကချက်ချင်းမ​ဖြေပဲ ကုတင်​ဘေးကခုံ​ပေါ်မှာ​ဆေးနဲ့အတူတင်ထားတဲ့ ​ရေခရားထဲက​ရေကိုတစ်ခွက်သောက်ပြီးမှ

To The Bone(completed)Where stories live. Discover now