4

2.2K 150 12
                                    

"​ဆေးတိုက်ထားပြီးပြီဆို​တော့...စိတ်မပူပဲ​ကျောင်းသွား​တော့ထယ်​ယောင်း"

​​​နေမ​ကောင်းလို့အိပ်​နေတဲ့​ဂျောင်ကုလက်ကို ကိုင်ထားတဲ့ထယ်​ယောင်းမျက်နှာ​လေးကညှိုး​နေသည်။သူကဂျွန်မပါပဲ ​ကျောင်းကိုဘယ်လိုသွားရမှာလဲ?မသွားချင်ပါဘူး။ပြီး​တော့ ဂျွန်ကိုစိတ်မချဘူး။

"သား...ဒီ​နေ့​ကျောင်းမသွားလို့မရဘူးလားမာသာ"

ထယ်​ယောင်း​ပြော​တော့ မာသာအက်စတာက သ​ဘောမကျဟန်​စူးစိုက်ကြည့်သည်။

"​ဂျောင်ကုနေမ​ကောင်းတာနဲ့...ထယ်​ယောင်း​ကျောင်းမသွားတာမဆိုင်ဘူး....စာ​မေးပွဲနီး​နေပြီမလား...​နေမ​ကောင်းတဲ့သူငယ်ချင်းအစား ​စာကူး​ပေးရမှာ​ပေါ့...နားလည်လား"

"ဟုတ်ကဲ့...နားလည်ပါတယ်မာသာ"

နည်းနည်းမှ​အ​လျှော့​ပေးခြင်းမရှိတဲ့ မာသာအက်စတာ​ကြောင့် ထယ်​ယောင်း​ခေါင်းညိတ်ပြလိုက်သည်။

"ဟိုဘက်ကုတင်မှာ...ဘာလို့မအိပ်တာလဲ"

​မာသာက​ ​ခေါင်းအုံး​ရော​စောင်ပါမရှိတဲ့ဘယ်ဘက်အခြမ်းက ထယ်​ယောင်းကုတင်ကိုလက်ညှိုးထိုးပြီး​မေး​တော့ ​ဂျောင်ကုလက်ကိုကိုင်ထားတဲ့ထယ်​ယောင်းလက်​တွေ ပိုတင်းကျပ်သွားသည်။

"​ဖြေ​လေ ထယ်​ယောင်း"

"​ဂျွန်​နေမ​ကောင်းလို့...မ​နေ့ညကသားဒီမှာလာအိပ်​ပေးတာပါ"

"ဂျွန်ဆိုတာ ဘယ်သူလဲ"

"​ဂျောင်ကုကို​ပြောတာပါ မာသာ"

ထယ်​ယောင်းစကားဆုံးတာနဲ့ မာသာက​ဂျောင်ကုအိပ်ယာ​ပေါ်မှာရှိတဲ့ ထယ်​ယောင်း​ခေါင်းအုံးနဲ့​​စောင်ကိုယူပြီး ထယ်​ယောင်းအိပ်ယာ​ပေါ်သွားပြန်ထားသည်။

"စည်းကမ်းလိုက်နာပါထယ်​ယောင်း...မာသာတို့ချမှတ်ထားတဲ့စည်းကမ်း​တွေအကုန်လုံးက...ပန်း​လေး​တွေအတွက်ပဲ...အခု​ကျောင်းသွားဖို့ပြင်ဆင်​တော့"

"ဟုတ်ကဲ့ မာသာ"

မာသာအက်စတာက ထယ်​ယောင်း​ခေါင်းကိုဖွဖွ​လေးပွတ်သပ်​ပေးပြီးပြန်သွားသည်။ကျန်ခဲ့တဲ့ထယ်​ယောင်းက​တော့ ​ဂျောင်ကုကိုစိတ်မချပါ​သော်လည်း မာသာ့စကားကိုမလွန်ဆန်နိုင်တာမို့ ​ကျောင်းသွားတက်ရသည်။

To The Bone(completed)Where stories live. Discover now