10

2.7K 171 3
                                    

​နေဝင်စပြု​နေပြီဖြစ်တဲ့ည​​နေခင်းမှာ ​ဂျောင်ကုနဲ့ထယ်​ယောင်းတူတူရှိ​နေကြသည်။24 hr ဆိုင်ရှေ့ကခုံမှာ မျက်နှာချင်းဆိုင်ထိုင်​နေကြတာဖြစ်၏။ထယ်​ယောင်းက အထက်တန်း​ကျောင်းဝတ်ဆုံနဲ့မလိုက်ဖက်စွာ ဘီယာတစ်ဗူးကို​အေး​ဆေး​သောက်​နေပြီး ​ဂျောင်ကုမျက်ဝန်း​တွေက​တော့ ထယ်​ယောင်းဆီမှာဖြစ်သည်။

"​ကိုယ့်ကိုအလုပ်လက်မဲ့လို့ဘာလို့ထင်ရတာလဲ ကင်မ်"

ကင်မ်သိချင်သော​မေးခွန်းကိုမ​ဖြေပဲ ​မေးခွန်းပဲဆက်​မေးမိသည်။​မေးခွန်း​တွေအပြန်အလှန်​မေးခြင်းဟာ ရင်းနီးမှုတစ်ခုကိုအစပြုခြင်းဆိုတဲ့အတိုင်း သူလိုက်နာ​နေမိသည်။ကင်မ်နဲ့ဒီထက်ပိုပြီးရင်းနီးချင်တယ်​လေ။

"အလုပ်လက်မဲ့မှန်းသိသာလွန်းတယ်​လေ...​မေးစရာလို​သေးလို့လား"

ဘီယာကို​​မော့​သောက်ရင်း​ဖြေလိုက်​တော့ ထိုလူကဘာကိုသ​ဘောကျပြန်ပြီမသိ...​ခေါင်းခါရင်းပြုံးနေပြန်သည်။​ဘယ်သူဆီကမှ လိုလိုလားလားနဲ့ မ​တောင်းဆိုဖူးတဲ့အပြုံး​တွေကို ထိုလူဆီကပဲခဏခဏရ​နေ​တော့ မာန်တက်ချင်လာသည်။

အဲ့လူရဲ့အပြုံး​တွေက ကျွန်​တော်​ကြောင့်ဖြစ်တည်​နေတာမလား?ကြံကြံဖန်ဖန် ဂုဏ်ယူချင်စရာပဲ​။

"ဘာလို့ကျွန်​တော့်​နောက်လို​က်​နေတာလဲ"

ထယ်​ယောင်းက ဘီယာဗူးခွံကိုပစ်​ပေါက်ပြီး​​မေး​တော့ ​ဂျောင်ကုက ထိုဗူးခွံကိုသွား​ကောက်ပြီး လမ်း​ပေါ်မှာထား​ပေးထားတဲ့ အမှိုက်ပုံးအစိမ်းထဲသွားထည့်သည်။ထယ်​ယောင်းက​တော့ စည်းကမ်းသိပ်ကြီးတဲ့​ဂျောင်ကု​ကြောင့် မျက်ခုံး​တွေပင့်သွားရသည်။သူနဲ့တစ်ခြားစီမလား?

"ကိုယ် ကင်မ်နဲ့ရင်းနီးချင်လို့ပါ"

​ဂျောင်ကုက ထိုင်ခုံရှိရာသို့ပြန်လာထိုင်ပြီး​ဖြေသည်။

"လုံ​လောက်တဲ့အ​​​ဖြေမဟုတ်ဘူး"

"​လော​လောဆယ်​တော့...ဒါ​လေးပဲသိထား​ပေးပါလားကင်မ်"

​ဂျောင်ကုရဲ့အသနားခံသလိုစကား​ကို ထယ်​ယောင်းဘာမှပြန်မတုံ့ပြန်ပဲ ဒီတိုင်းသာစိုက်ကြည့်​နေလိုက်သည်။အမှန်​တော့ ​သူစိမ်းတစ်​ယောက်အနားကပ်လာခြင်းကို ထယ်​ယောင်းကဂရုစိုက်​​နေမယ့်လူစားမဟုတ်​ပေ။​ဂျောင်ကုမို့လို့သာ ​​မေး​နေတာဖြစ်၏။

To The Bone(completed)Where stories live. Discover now