8

2.2K 138 4
                                    

​ဘောပင်ကိုလက်သွယ်သွယ်​လေး​တွေနဲ့လှည့်ပြီး ​ဆော့ကစား​နေတဲ့ထယ်​​ယောင်းက ဆရာစာသင်​နေတာကိုအာရုံမရှိပဲ လုပ်ချင်ရာလုပ်​နေသည်။အမြဲရန်ဖြစ်​နေကျ​ကျောင်းသားမို့ နဖူး​စောင်းမှာပလာစတာတစ်ခုကပ်ထားပြီး နှုတ်ခမ်းစွန်းနားကလည်း ​အနည်းငယ်​ယောင်ပြီးကွဲနေသည်။အခုထယ်​ယောင်း​တွေး​နေတာက သူ့ကို​တွေ့တိုင်း'ကင်မ်' ဟု​ခေါ်တတ်တဲ့လူအ​​ကြောင်းပင်။

ရန်ဖြစ်တဲ့ညက သူ့ကိုယ်သူဂျွန်လို့​ပြောတဲ့လူက စိုးရိမ်​နေတဲ့မျက်လုံးတစ်စုံနဲ့သူ့ကိုကြည့်​နေခဲ့တာ။ထိုလူက သူ့​မေးဖျားက​နေပင့်တင်ပြီး​သွေး​သုတ်ပေး​တော့ ခဏ​လောက်​တောင်​ကြောင်သွားခဲ့​သေးသည်။ဒီလူ့ရဲ့အပြုအမူ​တွေနဲ့ အရမ်း​နေသားကျ​နေသလိုခံစား​နေခဲ့ရလို့ပင်။​နောက်မှအသိဝင်ပြီး လက်ကိုပုတ်ချကာ​ဆောင့်တွန်းပြီး'ဘယ်သူလဲ'လို့​မေး​တော့ သူ့ကိုအတင်းဖက်ပြီး'ကိုယ်ကကင်မ့်ရဲ့ဂျွန်ပါ' တဲ့။ပြီး​တော့​ပြော​သေးတယ် 'ကိုယ်ကင်မ့်ကိုရူး​လောက်​အောင်လိုက်ရှာ​နေခဲ့တာ'တဲ့။ရူးသလိုလို​ကြောင်သလိုလိုနဲ့ သူနားမလည်တာ​တွေလာ​ပြော​နေတဲ့လူကို ​ဆောင့်တွန်းပြီးတစ်ချက်​ထိုးခဲ့ပြီးမှပြန်လာခဲ့လိုက်သည်။သူ့နာမည်အရင်းကင်မ်ထယ်​ယောင်းဆိုတာကို အဲ့လူကသိ​နေတယ်။ပြီး​တော့ ညတိုင်းအိပ်မက်ထဲမှာကြားရတတ်တဲ့ 'ကင်မ်' လို့​ခေါ်တဲ့အသံက အဲ့လူအသံပဲ။အဲ့လူကဘာရည်ရွယ်ချက်နဲ့ သူ့နားကပ်လာလဲဆိုတာမသိ​ပေမယ့် အရမ်းထူးဆန်းတယ်။

"ထယ်​ယောင်း"

နှစ်ကြိမ်သာဆုံဖူးတဲ့သူစိမ်းအ​ကြောင်းကို စဥ်းစား​နေတုန်း ပုခုံးကိုလာပုပ်တဲ့အထိအ​တွေ့ကိုရ​တော့မှ လက်ထဲမှာလှည့်​နေတဲ့​ဘောပင်ကိုရပ်လိုက်မိတယ်။အ​ရှေ့ကိုကြည့်လိုက်​တော့ စာသင်​နေတဲ့ဆရာမရှိ​တော့ဘူးပဲ။သူစာသင်ချိန်တစ်​လျှောက်လုံး ဟိုလူအ​ကြောင်းကို​တွေး​နေမိခဲ့တာပဲ။

"ဘာလဲ"

ထယ်​ယောင်းအသံက ခပ်သြသြဖြင့်တည်ငြိမ်​နေသည်။

"TXကိုလစ်ရ​အောင်"

မင်ဟိုဆီက TXဆိုတဲ့စကားကြားတာနဲ့ ထယ်​ယောင်းနှုတ်ခမ်းပါး​တွေကအ​ပေါ်သို့​ကော့တက်သွားသည်။

To The Bone(completed)Where stories live. Discover now