Extra i

1.9K 137 23
                                    

အဖြူ​ရောင်အိမ်ငယ်​လေးထဲတွင် ​​ချော့​​မော့သံများဖြင့်ပြည့်နှက်​နေသည်။အိမ်အဖြူ​လေး၏ပိုင်ရှင်ငယ်သည် တွဲမြင်ရ​လေ့မရှိ​သောစာအုပ်ပုံ​တွေကြားမှာ ​ခေါင်း​မှောက်ချကာအိပ်​နေပြီး တံခါးအပြင်က​အော်သံကို မကြားရ​အောင် နားနှစ်ဖက်ကိုပိတ်ထားသည်။

"ကင်မ်...တံခါးဖွင့်​ပေးပါဦး...​ညစာစားချိန်​ကျော်​နေပြီ​လေ"

"ခင်ဗျားတစ်​ယောက်တည်းစား!"

"ကင်မ်"

"ကျစ်!...စာလုပ်​နေတယ်လို့!"

"ကင်မ်စာမလုပ်တာကိုယ်သိတယ်...တံခါးလာဖွင့်​ပေးကွာ...နော်"

​ဂျောင်ကုက ထယ်​ယောင်းအ​ကြောင်းကို​နော​ကျေစွာ တံခါးဖွင့်​ပေးရန် အသံရှည်ဆွဲကာ​ပြော​တော့ ​ခြေ​ဆောင့်သံနဲ့ခုံ​​ရွေ့သံကထွက်​ပေါ်လာသည်။

"ညစာစားရ​အောင်ကင်မ်...ကိုယ်ကင်မ်ကြိုက်တဲ့ဂင်ချီဟင်းရည်ချက်​ပေးထားတယ်"

မျက်နှာဆူပုပ်ကာ တံခါးဖွင့်​ပေးလာတဲ့ကင်မ်​ကြောင့် ပါးနုနု​လေးကိုခပ်ဖွဖွဆွဲရင်းဆို​တော့ ကင်မ်ကမျက်​လုံး​​ဆွေကြည့်ရင်း မျက်နှာကိုတစ်ဖက်သို့လှည့်ကာ​ရှောင်သည်။မျက်ခုံး​တွေကိုတွန့်ချိုးထားတာ​ကြောင့် ထိုမျက်ခုံးနှစ်ဖက်ကို လက်​ချောင်းထိပ်နဲ့ခပ်ဖွဖွထိကာဖြန့်​ပေး​တော့ သူ့လက်ချောင်းကိုဆွဲယူပြီး ​ခွေး​ပေါက်​​လေးလိုကိုက်ချလိုက်သည်မှာ အင့်ခနဲ။

"နာသွားတယ်မလား...ဘာလို့မ​အော်တာလဲ"

"အပြုအမူတိုင်းကိုချစ်လွန်း​နေလို့...နာရ​ကောင်းမှန်း​တောင်မသိပါဘူးဗျာ"

​ဂျောင်ကု​ပြော​တော့ ထယ်​ယောင်းနှုတ်ခမ်းစွန်း​လေး​တွေ​ ​​နည်းနည်းကော့တက်သွားသည်။သို့​သော် ပြုံးချင်စိတ်ကိုအမြန်ထိန်း၍ ​ဂျောင်ကုကို​စောင်းကြည့်သည်။

"ကိုယ်ကင်မ်ကြိုက်တဲ့ဂင်ချီဟင်းရည်ချက်ထားတယ်...ထမင်းစားကြရ​အောင်​နော်"

"​တစ်ခါလာလည်းဂင်ချီဟင်းရည်...​နောက်တစ်ခါလာလည်းဂင်ချီဟင်းရည်!...​နေ့တိုင်းအဲ့ဟင်းရည်ပဲ​သောက်ရတာရိုး​နေပြီ!"

To The Bone(completed)Where stories live. Discover now