"ကင်မ်...ကင်မ်!...ကင်မ်!!"
အိပ်ယာထက်က အသက်33နှစ်အရွယ်ဂျောင်ကုရဲ့အော်ခေါ်နေသံက ဝမ်းနည်းစို့နစ်ဖွယ်ရာအတိ။
"ထယ်ယောင်းရေ...ထယ်ယောင်း"
ဂေဟာဝန်းတစ်ခုလုံးကိုပတ်ပြေးပြီး ရှာနေတဲ့6နှစ်အရွယ်ဂျောင်ကုရဲ့အော်ခေါ်နေသံဟာလည်း ဝမ်းနည်းမှုအပြည့်။
အသက်မတူပေမယ့် ဂျောင်ကုတစ်ဦးတည်းကသာလိုက်ရှာနေတဲ့ ဆံပင်ကောက်ကောက်နဲ့လူသားငယ်လေးကတော့ နံပါတ်9ဆိုတဲ့အခန်းထဲမှာငိုလို့နေသည်။
"ထယ်ယောင်းရေ...ထယ်ယောင်း"
တဖြည်းဖြည်းနီးကပ်လာတဲ့အသံကြောင့် ငိုနေသောထယ်ယောင်းမှာပိုငိုချတော့သည်။ဒီနေ့churchကျောင်းမှာမြင်ခဲ့ရတဲ့အဖြစ်အပျက်က ဂျောင်ကုကိုဆုံးရှုံးရလိမ့်မယ်ဟူသောအသိကို ထယ်ယောင်းဆီရိုက်သွင်းပေးခဲ့သည်။
"ထယ်ယောင်း!!"
အခန်းထဲမှာများရှိနေမလားဆိုပြီးလာရှာတော့ ကုတင်ဘေးမှာကုပ်ကုပ်လေးထိုင်ပြီးငိုနေတဲ့ထယ်ယောင်းကိုတွေ့ရသည်။
"ထယ်ယောင်း...ငါမင်းကိုလိုက်ရှာနေတာ...ဟင်!...မင်းငိုနေတာလား...ဘာလို့လဲ"
ဂျောင်ကုမေးတော့ ထယ်ယောင်းမဖြေပဲ ငိုနေတာမရပ်တဲ့အပြင် ရှိုက်သံတွေပါထွက်လာသည်။
"ဘာလို့ငိုနေတာလဲ...ဘယ်သူလုပ်တာလဲ...မာသာအက်စတာဆူလို့လား"
မာသာအက်စတာဆိုတာ မာသာဒေစီနဲ့မတူပဲစည်းကမ်းတင်းကျပ်လွန်းပြီး အမြဲဆူတတ်တာကြောင့် ဂျောင်ကုကထယ်ယောင်းကိုမေးသည်။သို့သော် ထယ်ယောင်းကမူ ခေါင်းခါပြပြီး ငိုနေတုန်းပင်။
"အိမ်ကိုလွမ်းလို့လား"
ထပ်ခေါင်းခါပြပြန်တဲ့ထယ်ယောင်း။ဂျောင်ကုမှာ ဘယ်လိုမေးမေးမဖြေတဲ့သူငယ်ချင်းလေးကြောင့် သူပါဝမ်းနည်းလာသည်။ခန္ဓါကိုယ်တုန်ရီတဲ့အထိငိုနေတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုကမာသာဒေစီသင်ပေးထားတဲ့အတိုင်း ဖက်လိုက်သည်။
![](https://img.wattpad.com/cover/354926999-288-k212062.jpg)