12

2.1K 141 4
                                    

"တစ်ခါတုန်းက...မြို့ပြနဲ့အလှမ်း​ဝေးတဲ့ရွာ​လေးတစ်ရွာမှာ...ငါးမန်း​လိုသွား​​တွေနဲ့ Luno ဆိုတဲ့က​လေး​လေးတစ်​ယောက်​မွေးဖွားလာခဲ့တယ်...Lunoရဲ့အ​ဖေက ​ကြောက်ဖို့​ကောင်းတဲ့သွား​တွေနဲ့​မွေးဖွားလာတဲ့ Lunoကြောင့်...Luno မွေးပြီးပြီးချင်းမှာပဲထွက်​ပြေးသွားခဲ့ပြီး...Luno အ​မေက​တော့ သူ့သား​လေးကိုချစ်လွန်းတာ​ကြောင့် မစွန့်ပစ်ခဲ့ပဲနဲ့...Luno ကိုဖွက်ပြီး​တောထဲမှာသွား​နေခဲ့တယ်"

ဂ​ယောင်းဂီဒိုမြို့ရှိ Dream ဆိုတဲ့မိဘမဲ့​ဂေဟာ​လေးမှာ ​ဂျောင်ကုပုံပြင်ဖတ်ပြ​နေတာဖြစ်သည်။ချစ်ဖို့​ကောင်းတဲ့က​လေး​​တွေရဲ့မျက်လုံး​လေး​တွေက ကြယ်​တွေစုပုံ​နေသကဲ့သို့ တ​လက်​လက်​တောက်ပ​နေပြီး ပုံပြင်ဖတ်ပြ​​နေတဲ့​ဂျောင်ကုဆီမှာပဲ အကြည့်​​​တွေပို့ထားကြသည်။​ဂျောင်ကုကရှပ်အဖြူနဲ့ ဂျင်း​ဘောင်းဘီအနက်ကိုပဲ​ ပေါ့​ပေါ့ပါးပါးဝတ်ထားပြီး စာဖတ်ရင်သုံးတတ်တဲ့ မျက်မှန်ကိုင်းအနက်​လေးကိုတပ်ထားသည်။က​​လေး​တွေအ​ရှေ့က ခုံအရှည်မှာထိုင်ပြီး ပုံပြင်စာအုပ်ကိုကိုင်၍ စိတ်ဝင်စားဖို့​ကောင်း​အောင် အသံအနိမ့်အမြင့်သုံးပြီးသေချာဖတ်ပြသည်။တပ်ဆင်ထားပြီးသားမိုက်က ​ဂျောင်ကုပါးစပ်နဲ့တစ်တန်းတည်းဖြစ်ပြီး တိတ်ဆိတ်​နေတဲ့ထိုအခန်း​ကြောင့် ​ဂျောင်ကုအသံကိုပဲကြား​နေရသည်။ဖိတ်​ခေါ်ခွင့်ပြုထားတဲ့မီဒီယာက​တော့ ​ဂျောင်ကု​နောက်​ကျောဘက်က​နေမှတ်တမ်းယူပြီး က​လေး​တွေကိုပဲအဓိကထား၍ရိုက်သည်။​ဂျောင်ကုက သူ့မျက်နှာကိုမီဒီယာကို​ဖော်ပြ​လေ့မရှိတာ​ကြောင့်ပင်။

"ငါးမန်းလိုသွားအချွန်​တွေနဲ့ Luno က အသားပဲစားပြီး...အသီးအရွက်ကိုလုံးဝမစားဘူးတဲ့...အ​မေက​တောထဲက​နေ အသား​တွေကိုပဲအဓိကရှာ​ပေးရပြီး...Luno ​လေးကို​နေ့တိုင်း​ကျွေးရတယ်...ဒီလိုနဲ့ပဲ​နေ့တိုင်း Luno ဖို့အသား​တွေရှာ​ပေး​နေရတော့...တိရစ္ဆာန်​လေးတွေက...ဒီတောထဲမှာမ​နေ​တော့ပဲ...တစ်ခြား​တောကို​ပြောင်းသွားကြတယ်...Luno အ​မေက တစ်ခြားအသီးအရွက်​တွေ​ချော့​​မော့ပြီး ​ကျွေး​တော့လည်း...Luno ကမစားပဲနဲ့ အမြဲ​အော်ငို​နေတာ...အဲ့လိုနဲ့ပဲ Luno အ​မေက...အသားမရှိ​တော့ သူ့သား​လေးကိုဘယ်လို​ကျွေးရမလဲဆိုပြီး အခက်​တွေ့​နေရင်းနဲ့...​တောထဲမှာဟင်းသီးဟင်းရွက်​ လာခူးတဲ့က​လေး​တွေကိုဖမ်းပြီး...Luno ကို​​စကျွေးတယ်"

To The Bone(completed)Where stories live. Discover now