"ကင်မ်ဦးဆောင်ချင်လား"
"ကျွန်တော်ကငပျင်း"
ထယ်ယောင်းကမျက်နှာမဲ့ပြီးပြောတော့ ဂျောင်ကု အသည်းယားလွန်း၍ အောက်နှုတ်ခမ်းကိုဖိကိုက်ထားရသည်။ပြီးတာနဲ့ ထယ်ယောင်းပါးနှစ်ဖက်ကို သူ့လက်ရှည်ရှည်တွေနဲ့အုပ်ကိုင်ပြီး နဖူးပြင်ကိုအကြာကြီးဖိကပ်နမ်းသည်။
"ကိုယ်ကင်မ့်ကိုအရမ်းချစ်တယ်"
ပြောပြီးတာနဲ့ နှင်းဆီနီတွေလိုရဲနေတဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်တော့ ကင်မ်ကပါအလိုက်သင့်ပြန်နမ်းသည်။နမ်းနေရင်းနဲ့တောင် ပိုပြီးနမ်းချင်လာစေတဲ့ကင်မ့်နှုတ်ခမ်းအိအိတွေကြောင့် အားမရနိုင်စွာ ကင်မ့်ခါးကိုတင်းတင်းဖက်တွယ်၍ ကျောကိုထိန်းကိုင်ပြီးနမ်းမိသည်။ထိုမှတစ်ဆင့်ကင်မ့်လျှာဖျားလေးကိုစုပ်ယူမိတော့ ကင်မ်ပြုံးလိုက်တာကိုခံစားလိုက်ရသည်။ကင်မ့်လက်သွယ်သွယ်တွေကလည်း သူ့ခါးကိုပြန်ဖက်ပြီး အရှိန်ညီအောင်လိုက်နမ်းသည်။
အချိန်တစ်ခုကြာ မတ်တပ်လျက်သားနမ်းပြီးတဲ့နောက်မှာ ကင်မ့်ခန္ဓါကိုယ်ကိုပွေ့ချီလိုက်တော့ သူ့ခါးကိုခွလာတဲ့ခြေထောက်လေးတွေ။အိပ်ယာပေါ်ကိုဖြေးဖြေးချပြီး အပေါ်ကနေအုပ်မိုးလိုက်တော့ ကင်မ်ကသူ့အနမ်းတွေကြောင့်မောသွားလို့ထင်..သူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီး အသက်ပြင်းပြင်းရှုနေသည်။
"နောက်ဆိုစီးကရက်တွေမသောက်နဲ့တော့ကင်မ်...အခုသက်လုံမကောင်းတော့ဘူးမလား"
"ခုနတည်းကမသောက်တော့ဘူးလို့ပြောလိုက်တယ်လေဗျာ...အဲ့အစားဂျွန့်နှုတ်ခမ်းတွေကိုပဲ..."
အဆိုးလေးကသူ့လည်ပင်းကိုဆွဲချပြီး နှုတ်ခမ်းကိုပြွတ်ခနဲမြည်အောင်နမ်းလေသည်။
"အဲ့လိုနမ်းတော့မှာ...ဂျွန့်နှုတ်ခမ်းပါးတွေက ကျွန်တော့်အတွက်စီးကရက်ပဲ"
"ကင်မ်ကကွာ"
ဂျွန်ကအသည်းတယားယားဖြင့် သူ့ပါးကိုခပ်ဖွဖွညှစ်ပြီး အသံရှည်ဆွဲ၍ပြောတော့ ရင်ဘတ်ထဲကအခုန်မြန်လာပြန်သည်။ဂျွန်ကရှေ့မဆက်တော့ပဲ သူ့ကိုဒီအတိုင်း အချစ်တွေအပြည့်ပါတဲ့မျက်လုံးဝိုင်းတွေနဲ့ကြည့်နေတော့ သူ့ဘက်ကပဲစတင်ပြီး ဂျွန့်နှုတ်ခမ်းပါးတွေကိုမော့နမ်းလိုက်သည်။စနမ်းတာကသူဆိုသော်လည်း ဂျွန့်အနမ်းတွေနောက်ကိုအလျင်လိုက်ရသည်။တဖြည်းဖြည်းနဲ့အနမ်းတွေမွတ်သိပ်လာတော့ သူ့တစ်ကိုယ်လုံးကဆဲလ်တွေက ပိုးကောင်တွေစုပြုံတက်လာသလို ယားကျိလာသည်။ဂျွန့်လက်တွေက သူ့တစ်ကိုယ်လုံးအနှံ့ကိုပွတ်သပ်နေတာကိုလည်း ပိုသဘောကျလာသည်။အနမ်းတွေကိုမပြတ်စေပဲ ဂျွန့်ရှပ်အင်္ကျီရဲ့အပေါ်ဆုံးကြယ်သီးကို ဖြုတ်ပေးမယ်လုပ်တော့ ဂျွန်ကသူ့လက်တွေကိုရပ်စေပြီး သူ့ဘာသာအကုန်ဆွဲဖြုတ်ပစ်သည်။တစ်စဆီပြုတ်ထွက်သွားတဲ့ကြယ်သီးတွေနဲ့အတူ ထိုရှပ်အင်္ကျီကလည်း ကုတင်အောက်သို့ပစ်ပေါက်ခံလိုက်ရသည်။
