ဆောင်းဦးစနေပြီဖြစ်တာကြောင့် တစ်ချက်တစ်ချက်တိုက်ခတ်လာသောလေပြည်ထဲတွင် အအေးဓါတ်တွေပါဝင်နေသည်။ထိုအေးစိမ့်စိမ့်လေပြည်တွေကြောင့် ကိုင်ထားမိတဲ့လက်သွယ်သွယ်လေးကို အင်္ကျီအိတ်ကပ်ထဲသို့ထည့်လိုက်တော့ ကင်မ်ကသဘောကျသောမျက်ဝန်းညိုလေးတွေဖြင့် အိတ်ကပ်ထဲကသူ့လက်ကိုတင်းတင်းကျပ်ကျပ်ပြန်ကိုင်ထားသည်။စုပ်လုံးစားနေတာကြောင့် တစ်ဖက်တည်း၌ဖောင်းနေသောပါးဖောင်းဖောင်းလေးဖြင့်လည်း အလှပဆုံးရယ်ပြပါသေးသည်။
"ချမ်းနေလားကင်မ်"
နွေးထွေးမှုအပြည့်ပါသောအသံချိုချိုကြောင့် ထယ်ယောင်း ခေါင်းကိုဘယ်ညာခါယမ်းပြသည်။ဂျွန့်လိုအနွေးဓါတ်လေးရှိနေတော့ ဘယ်ချမ်းပါ့မလဲဆိုတာတော့ ထယ်ယောင်းထုတ်မပြောဖြစ်ပါ။
"ဟိုမုန့်စားရအောင်"
လူတွေအများကြီးတန်းစီးနေတဲ့နေရာကို လက်ညှိုးထိုးပြပြီးဆွဲခေါ်သွားတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုမှာအသည်းယားစွာ နှာခေါင်းကိုကျုံ့ကာပြုံး၍ပါသွားရသည်။
"အဲ့မုန့်ကစားကောင်းလားဂျွန်"
ဆောင်းတွင်းမှရောင်းလေ့ရှိသည့် ကန်စွန်းဥမီးဖုတ်ဆိုင်သေးသေးလေးကို ထယ်ယောင်းမေးနေခြင်းဖြစ်သည်။ညအချိန်ဖြစ်သည်ကြောင့် အအေးဓါတ်ပိုကဲလာ၍ လူတိုင်းကကန်စွန်းဥမီးဖုတ်ကို အကြာကြီးတန်းစီး၍ဝယ်နေကြသည်။
"အဲ့ဒါကန်စွန်းဥလို့ခေါ်တယ်ကင်မ်ရဲ့...အရသာကတော့ချိုချိုစိမ့်စိမ့်လေးပဲ"
ဂျောင်ကုက လေတိုးမှုကြောင့် အနည်းငယ်ဖွာလန်သွားတဲ့ဆံပင်ပြာလေးတွေကို ဖွဖွလေးသပ်တင်ပေးပြီးပြောတော့ ထယ်ယောင်းကခေါင်းတညိတ်ညိတ်ဖြင့်နားထောင်သည်။
"အကြာကြီးစောင့်ရမှာထင်တယ်...ရှေ့မှာ6ယောက်တောင်ရှိသေးတယ်"
"ဒါဆိုတစ်ခြားဟာစားကြမလား"
အလိုမကျသလို မျက်ခုံးလေးတွေကိုတွန့်ချိုးကာပြောလာတာကြောင့် မေးကြည့်တော့ ခေါင်းခါပြပြန်သည်။
