7

2.2K 138 3
                                    

​အ​ငွေ့​သေနေတဲ့​ကော်ဖီတစ်ခွက်ကိုဘေးမှာချပြီး ​ဆေး​ရောင်စုံ​တွေ​ပေကျံ​နေတဲ့အင်္ကျီတစ်ထည်နဲ့ ​ဂျောင်ကုကပန်းချီကားတစ်ချပ်ကို ရူးရူးမူးမူးဖန်တီး​နေသည်။စွဲချက်တစ်ခုဆွဲတိုင်း ​အ​ပေါ်သို့ကွေးတက်သွားတဲ့နှုတ်ခမ်းပါး​တွေက ထိုပန်းချီအ​ပေါ်မည်မျှစိတ်နှစ်ထားပြီး သ​ဘောကျ​ကြောင်း​ဖော်ပြ​ပေးသည်။သူဒီပန်းချီ​တွေကို ဆွဲ​နေခဲ့တာကြာပြီ။13နှစ်အရွယ်ထိပဲမြင်ဖူးခဲ့တဲ့ကင်မ်ရဲ့ပုံစံ​လေးက​နေ  အခုလိုသူ့လိုအရွယ်33နှစ်အထိ ကင်မ်ကဘယ်လို​လေး​ပြောင်းလဲသွားမလဲဆိုတာကို ပုံ​ဖော်ပြီးဆွဲ​နေခဲ့တာ။အခုဒီပန်းချီကား​လေးပြီးသွားရင် ကင်မ့်ရဲ့33နှစ်ပြည့်​မွေး​နေ့အတွက်လက်​ဆောင်ပြီးပြီ။

​ဂျောင်ကုက ထယ်​ယောင်းအတွက်​မွေး​နေ့လက်​ဆောင်ဆိုပြီး နှစ်တိုင်းပန်းချီတစ်ချပ်ဆွဲတတ်သည်။ထိုပန်းချီကားကတစ်စွန်းတစ်ဆမျက်နှာအစိတ်အပိုင်း​တွေမဟုတ်ပဲ သူကိုယ်တိုင်စိတ်ကူးယဥ်ပုံ​​ဖော်ထားတဲ့ ထယ်​ယောင်းရဲ့ပုံတူ​လေးဖြစ်သည်။သို့​ပေမယ့် ဒီတစ်​ခေါက်ပန်းချီက​တော့ အရင်လိုဆံနွယ်​ခွေ​ခွေ​လေး​တွေမဟုတ်​တော့ပဲ ဆံနွယ်အိအိအပြာ​​ရောင်​လေးဖြစ်​နေသည်။

"အစ်ကို​ဂျောင်ကု!"

ကြားလိုက်ရတဲ့အသံပြဲကြီး​ကြောင့် ဆံပင်အပြာ​လေးရဲ့လည်ပင်းညှပ်ရိုးကို အရိပ်ထည့်​နေတဲ့​​ဂျောင်ကုလက်​တွေရပ်တန့်သွားသည်။ပြီး​တော့သက်ပျင်းတစ်ချက်ချ၍ အပြီးမသတ်ရ​သေးတဲ့ပန်းချီကို အဖြူ​ရောင်ပိတ်သားဖြင့်အုပ်ပြီး အပြင်သို့ထွက်ခဲ့သည်။ထိုပန်းချီခန်းက ​ဂျောင်ကုကလွဲပြီးဘယ်သူမှဝင်ခွင့်မရှိ​သောအခန်းဖြစ်သည်။

"​ဘာလို့​အော်​နေတာလဲ"

​ဂျောင်ကုက ပန်းချီ​ဆေး​တွေ​ပေ​​နေတဲ့လက်​ကို ပုဝါတစ်ခုဖြင့်သုတ်ပြီး​လေသံ​အေး​အေးဖြင့်​မေးသည်။

"ကျွန်​တော်...ကျွန်​တော်ရှာ​တွေ့ပြီ...အစ်ကိုသိချင်​နေတဲ့ကင်မ်ထယ်​ယောင်းရှိမယ့်​ကျောင်းကို"

မန်​နေဂျာ​ဆောဟာနူးစကား​ကြောင့် ​ဂျောင်ကုမျက်နှာ​လေးက ချက်ချင်းပြုံး​ယောင်သမ်းသွားသည်။

To The Bone(completed)Where stories live. Discover now