Extra ii

3.1K 165 34
                                        

​သာယာ​နေ​သောမနက်ခင်း​လေးတွင် တစ်ရပ်ကွက်လုံးတိတ်ဆိတ်​နေ​သော်လည်း အိမ်အဖြူ​လေးတစ်အိမ်က​တော့ ကွက်ပြီး ဆူညံသံ​တွေနှင့်ပြည့်လျှံ​နေပြန်သည်။

"​ခြောက်​,ခြောက်လီဘယ်​လောက်လဲ"

"နှစ်ဆယ့်ရှစ်"

"ဟား!...ဘာနှစ်ဆယ့်​ရှစ်လဲ!...​ခြောက်,​​​ခြောက်လီသုံးဆယ့်​ခြောက်ကွ!"

"​မေ့သွားလို့ပါ...​ဒယ်ဒီလေးကလည်း"

"လာအချိုသတ်မ​နေနဲ့ ​ဂျောင်ဝူဆောင်း!"

"ဂျွန်ဝူ​ဆောင်းပါ"

"ဘာဂျွန်ဝူ​ဆောင်းလဲ!...မင်းအဲ့​လောက်ညံ့​​နေတာ..မင်းကိုငါ့​ယောက်ျားမျိုးရိုးထဲကပြန်ထုတ်မယ်!"

"​​အိမ်​ထောင်စုစာရင်းမှာ တစ်ခါတည်း​ရေးပြီးပြီ...​​ဒယ်ဒီလေးထုတ်ချင်လည်းမရ​တော့ဘူး"

မျက်လုံး​လေး​ထောင့်ကပ်ကာ နှုတ်ခမ်းတ​ထော်​ထော်နှင့်​ပြောလာတာ​ကြောင့် ​ဒေါသကငယ်ထိပ်သို့​ဆောင့်တက်​တော့သည်။

"​​​မင်းကိုရိုက်မှဖြစ်​တော့မယ်...​ပေတံ​ရော!"

"အင့်...​ဒယ်ဒီရေ!"

ဤသို့ဖြင့် ပွက်​လောရိုက်​နေတဲ့အသံ​​တွေကြောင့် ​ဂျောင်ကုမှာ ပန်းကန်​ဆေးရင်းတန်းလန်း ​အ​ပြေးလာရ​တော့သည်။ယခုဆိုလျှင် ​ဂျောင်ကုထိန်းရမည့်ကင်မ်ထယ်​ယောင်းနောက်တစ်​ယောက် ထပ်တိုးလာခဲ့သည်။

"ကင်မ်"

"​ဂျွန်!"

"​​ဒယ်ဒီ!"

​ပေတံတစ်​ချောင်းဖြင့် ​ဒေါသထွက်​နေတဲ့ထယ်​ယောင်းနှင့် ပတ်​ပြေး​နေ​သောဂျွန်ဝူ​ဆောင်း​လေးသည် ​ဂျောင်ကုကို​တွေ့တာနဲ့ အားကိုးရာ​တွေ့သလို ပြိုင်တူ​အော်ကြ​တော့သည်။

"ဘာဖြစ်ကြပြန်ပြီလဲ ကင်မ်"

ဖန်တစ်ရာလည်​နေ​သောအငြင်းအခုံပွဲ​​​တွေကို မရိုးနိုင်​အောင်​ဖြေရှင်း​ပေးရသည်​ကြောင့် မေးကြည့်​တော့

"အဲ့​ကောင်​လေးကို​မေးကြည့်!"

​ထယ်​ယောင်းကလက်ညှိုးထိုးရင်း​ပြော​တော့ ​ဂျောင်ကု​ခြေ​ထောက်နားမှာပုန်း​နေတဲ့ဝူဆောင်း​လေးက ​ဂျောင်ကုလက်ကိုလှုပ်ယမ်းပြီး

To The Bone(completed)Where stories live. Discover now