20

2.3K 143 24
                                    

"ဘယ်မှာလဲ...ခင်ဗျားရဲ့ပင်လယ်လိပ်​တွေ"

ရှင်းလင်း​နေတဲ့သဲ​သောင်ပြင်​ကြောင့် ထယ်​ယောင်းရဲ့ခပ်ဆတ်ဆတ်အသံထွက်လာသည်။

"အိမ်ပြန်သွားပြီထင်တယ် ကင်မ်ရဲ့"

မျက်နှာမဲ့​နေတဲ့ထယ်​ယောင်း​ကြောင့် ​ဂျောင်ကုကဂုတ်ကိုလက်နဲ့ပွတ်သပ်ရင်း ရယ်ကျဲကျဲနှင့်​​ပြောသည်။

"ခင်ဗျားကျွန်​တော့်ကိုလိမ်​ခေါ်လာတာမလား"

"မဟုတ်ပါဘူးကင်မ်ရယ်...မာသာကတ်သရင်း​​သေချာ​ပြောလိုက်တာပါ"

"ဒါဆိုဘယ်မှာလဲ လိပ်​တွေ"

"ကိုယ်လည်းမသိဘူး​လေ"

"ခင်ဗျားသပ်သပ်လိမ်တာ!"

​ပြောပြီးတာနဲ့ လက်ချင်းယှက်ထားတာက​နေ ဆတ်ခနဲရုန်းပြီး ​ဂေဟာဘက်ပြန်​​လျှောက်သွားတဲ့ထယ်​ယောင်း​ကြောင့် ​ဂျောင်ကုလည်း စိတ်ညစ်သွားတဲ့မျက်နှာဖြင့်ကျန်ခဲ့သည်။

"ကင်မ်!...ဒီမှာလိပ်​သေး​​သေး​လေး"

သဲပြင်​ပေါ်​ခြေ​ဆောင့်ပြီးသွား​နေတဲ့ထယ်​ယောင်းသည် အ​နောက်က​ဂျောင်ကုရဲ့ အားရဝမ်းသာသွားတဲ့အသံ​ကြောင့် မျက်လုံး​လေး​တွေဝိုင်းသွားပြီး ချက်ချင်းပြန်လှည့်​ပြေးလာသည်။

"ဘယ်မှာလဲ!"

"ကမ်းစပ်နားမှာ...လာ...ကိုယ်ပြမယ်"

​ပင်လယ်လိပ်ကို​သာ ​တွေ့ချင်​နေ​သောထယ်​ယောင်းက ​ဂျောင်ကုရဲ့ပြီတီတီအပြုံး​တွေကိုမမြင်။ထို့​ကြောင့် ​ဂျောင်ကုဆွဲ​ခေါ်ရာကမ်းစပ်နားသို့ အ​ပြေးလိုက်သွားသည်။

"ဟိုမှာ​လေကင်မ်"

"ဟင်!...ဘယ်နားမှာလဲ"

"ဟိုနားမှာ​လေ"

ကြည်လဲ့​ပြီးအပြာ​ရောင်သမ်း​နေတဲ့​ရေ​တွေကြား လိပ်နဲ့တူတာတစ်​ကောင်မှမ​တွေ့တာမို့ ထယ်​ယောင်းမျက်လုံးတွေက ​ဂျောင်ကုညွှန်ပြတဲ့​နေရာကို ​သေချာလိုက်ကြည့်သည်။လိပ်ကြည့်ချင်​ဇောများ​နေသည့်ထယ်​ယောင်းသည် ​ခြေကျင်းဝတ်ထိ​ရေစို​နေသည်ကို သတိမမူမိ။

"ဘယ်နားမှာလဲ...ကျွန်​တော်မ​တွေ့ဘူး!"

စိတ်မရှည်​တော့တဲ့ထယ်​​ယောင်းက ​ထ​အော်​တော့သည်။​ဂျောင်ကုပဲ​တွေ့ပြီး သူ့ကျ​တော့မ​တွေ့တာမို့ စိတ်တိုချင်​နေပြီဖြစ်သည်။

To The Bone(completed)Where stories live. Discover now