"ကိုယ်ကင်မ့်ကိုအရမ်းချစ်တယ်"
"ကျွန်တော်လည်းချစ်တယ်ဂျွန်...အရမ်းပဲ...မဟုတ်ဘူး...အများကြီးချစ်တာ....မွေးပေးထားတဲ့အမေ့ထက်တောင်ပိုချစ်တယ်...အဆတစ်ထောင်လောက်"
အနမ်းတွေ၏အဆုံးသတ်သည် ထိုစကားလုံးလေးတွေဖြင့် ရင်ခုန်သံကြိုးတွေကို ထပ်မံလှုပ်ခတ်စေခဲ့သည်။ရွှေအိုရောင်နေဝင်ဆည်းဆာတွေဖြင့် လှပနေတဲ့ကောင်းကင်အောက်မှာ ကောင်လေးနှစ်ယောက်ရဲ့အပြုံးတွေက အတောက်ပဆုံးဖြစ်ခဲ့သည်။
"ကျွန်တော်မရှိတုန်း ဂျွန်အများကြီးငိုခဲ့တယ်မလား"
ထယ်ယောင်းက ညစာပြင်ဆင်နေတဲ့ဂျောင်ကုခါးကိုဖက်ထားပြီး ကျောပြင်ကိုပါးနဲ့ကပ်၍မေးတော့ ဂျောင်ကုခေါင်းညိတ်ပြလိုက်သည်။ကင်မ်မရှိတဲ့ဒီအိမ်ထဲမှာ သူနေ့တိုင်းနီးပါး ကလေးတစ်ယောက်လိုငိုနေခဲ့တယ်မလား?
"နောက်ဆို ဂျွန်မငိုရတော့ပါဘူး...ကျွန်တော်ကဂျွန့်အနားမှာပဲနေတော့မှာ...ကျွန်တော်အကုန်စွန့်လွှတ်ခဲ့လိုက်ပြီ...black card ရော...လီထယ်ယောင်းအဖြစ်ရော...အထက်တန်းကျောင်းသားအဖြစ်ရော"
"ကင်မ်"
ထယ်ယောင်းစကားကြောင့် ဂျောင်ကု မုန်လာဥနီလှီးနေတာကိုရပ်ပြီး အနောက်သို့လှည့်၍ ထယ်ယောင်းနဲ့မျက်နှာချင်းဆိုင်လိုက်သည်။ထယ်ယောင်းကတော့ လှည့်ကြည့်လာသူရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ပြီး လေးထောင့်ဆန်ဆန်အပြုံးတွေဖြင့်ပြုံးပြသည်။
"ဂျွန်သိလား...ကျွန်တော်အဲ့ပကာသနတွေမရှိပဲနေနိုင်တယ်...ဂျွန်မရှိပဲနဲ့တော့မနေနိုင်ဘူး"
"ကင်မ်"
သူ့စကားကြောင့် မျက်ရည်တွေဝဲလာတဲ့ဂျွန်ကြောင့် ခြေဖျားထောက်ပြီး ဂျွန့်မျက်လုံးဝိုင်းဝိုင်းတွေကိုဖိကပ်နမ်း၍ ရင်ခွင်ကျယ်ကြီးထဲသို့ ခေါင်းနဲ့ပွတ်ပြီးတိုးဝင်လိုက်တော့ ဂျွန်ကတင်းတင်းကျပ်ကျပ်ပြန်ဖက်လာသည်။
"ကိုယ့်ကြောင့်အဲ့လိုတွေမလုပ်လည်းရပါတယ်ကင်မ်ရယ်"
"ကျွန်တော်ကလုပ်ချင်တာလေ...ဂျွန်နဲ့ဝေးမယ့်အရေးကိုမတွေးချင်ဘူး...မတွေ့ရတဲ့တစ်ပတ်အတွင်းမှာ ကျွန်တော်ကိုယ်ကျွန်တော်သေတော့မယ်တောင်ထင်နေတာ...အခုမှအသက်ဝဝရှုနိုင်တော့တယ်...ဂျွန့်ကိုယ်သင်းနံ့လေးကိုသဘောကျလိုက်တာ"
