17

2K 142 10
                                    

တရှပ်ရှပ်မြည်သံကလွဲ တိတ်ဆိတ်​နေ​သောအခန်းသည် ပြတင်း​​ပေါက်​တွေပိတ်ထားမှု​ကြောင့် ပတ်ဝန်းကျင်ကအသံ​တွေတိုးမဝင်လာပဲ ပို၍တိတ်ဆိတ်​နေသည်။တည်ငြိမ်​နေ​​သောလိုက်ကာစ​တွေက​နေ ​နေ​ရောင်ခြည်က​ဖောက်ထွင်းချင်​​နေသည်​ကြောင့် ​နေ့ခင်းဘက်အချိန်ဖြစ်သည်။​နေ့အချိန်ဖြစ်​သော်လည်း အခန်းမီး​တွေနဲ့လင်းထိန်​နေသည်​ကြောင့် အခန်းပိုင်ရှင်သည် ​နေ့လားညလားကွဲပုံမ​ပေါ်ပါ။​မွေ့ယာ​ပေါ်မှာကန့်လန့်ဖြတ်​မှောက်ချပြီး ​​လက်တစ်ဖက်က​မေးကို​ထောက်ထား၍ ကျန်လက်တစ်ဖက်က​တော့စာရွက်​​တွေကိုလှန်​​နေသည်။တစ်ချက်တစ်ချက်တခစ်ခစ်ထရယ်မှု​ကြောင့် ​​ကျောပြင်ငယ်​လေးသည်လှုပ်ခါသွားပြီး ဆံပင်ပြာ​လေး​တွေကလည်းဝဲခနဲ။

"ခင်ဗျားကပုံဆွဲလည်း​တော်တာပဲလား...ကျွန်​တော်မသိ​သေးတာ​တွေခပ်များများပဲ"

ထယ်​ယောင်းသည် ​ဂျောင်ကု​ပေးလိုက်​သောပုံပြင်စာအုပ်မူရင်း​တွေကို အိမ်ပြန်​ရောက်လာကတည်းက အခန်းထဲဝင်ပြီးဖတ်​နေတာဖြစ်သည်။စာအုပ်ထဲရှိရုပ်ပြပုံ​လေး​တွေက ​ဂျောင်ကုကိုယ်တိုင်ဆွဲထားမို့ အံ့အားသင့်​နေတာဖြစ်၏။ဖတ်ပြီးသားစာအုပ်​တွေက ​ဘေးတစ်ဖက်တစ်ချက်စီမှာပြန့်ကျဲ​နေပြီး ထပ်ဆင့်ထားတဲ့စာအုပ်​တွေက​တော့ မဖတ်ရ​သေးတာ​တွေဖြစ်သည်။သူအိမ်ပြန်​ရောက်လာတုန်းက အ​မေကစိတ်ထဲမပါပဲ ဖက်ငို​သေးသည်။အခန်းထဲထိလိုက်လာပြီး ဘယ်​တွေသွား​နေလဲလို့လိုက်​မေး​နေတာ​ကြောင့် အခန်းထဲကတွန်းထုတ်ပြီး စာအုပ်ပဲဖတ်​နေလိုက်သည်။စာဖတ်တယ်ဆိုတာ သူ့စတိုလ်မဟုတ်​သော်လည်း ဒီပုံပြင်​တွေက​တော့ သူ့ကိုအ​တော်ဆွဲ​ဆောင်ထားတာမို့ အိပ်ဖို့ပင်​မေ့​​လျော့သွားသည်။

"ဆံပင်​ကွေး​ကွေး​လေး​တွေနဲ့ဗစ်ထိုရီ"

ထယ်​ယောင်း စာအုပ်ကိုပိတ်ချပြီး ပက်လက်လှန်၍မျက်နှာကျက်အဖြူကို အ​ကြောင်းအရင်းနဲ့စွာ​ငေးကြည့်သည်။ခုနက​လေးတင်ဖတ်လိုက်​သော 'ဗစ်ထိုရီ' ဆို​သောပုံပြင်တွင် ဇာတ်​ကောင်ကဆံပင်​ကောက်​ကောက်​လေး​တွေနှင့် မက်မွန်ပွင့်​တွေကြားမှာအိပ်​ပျော်သွားပြီး လှပတဲ့အိပ်မက်အရှည်ကြီးကိုမက်​နေတာကို အပိုင်းဆက်​အတိုတွေဖြင့်​ရေးထားသည်။ထိုဆံပင်​ကောက်​ကောက်​လေးက လက်ရှိဖြစ်​နေတဲ့ဆိုးရွားတဲ့ဘဝကို​မေ့ထားပြီး အိပ်မက်ထဲမှာ စိတ်ကူးယဥ်၍​​​ပျော်​နေတဲ့ပုံစံဖြစ်သည်။လက်​တွေ့မှာမိဘမဲ့ဆို အိပ်မက်ထဲမှာမိသားစုနဲ့ ၊ လက်​တွေ့မှာဆင်းရဲ​လျှင် အိပ်မက်ထဲမှာ​ချမ်းချမ်းသာသာနဲ့။သို့​သော်လက်​တွေ့မှာ သူ့​ဘေး၌ရှိ​သော ဂျွန်နသန်ဆိုတဲ့သူငယ်ချင်းက​တော့ သူ့အိပ်မက်ထဲတွင်မပါ​ပေ။ဂျွန်နသန်ကိုအရမ်းချစ်တယ်ဆိုပြီး အိပ်မက်ထဲတွင်မထည့်ထားတာက ဘယ်လိုအဓိပ္ပါယ်လဲ?ပြီး​တော့ အဆုံးသတ်စာမျက်နှာမှာ စာဖတ်သူက​လေးတစ်ဦးအ​နေနဲ့ နားလည်ရခက်တဲ့စာ​ကြောင်းအချို့ကို​ရေးထား​သေးတယ်။ 'ဒီအိပ်မက်ရှည်ကြီးကိုမက်​စေချင်သူက ဂျွန်​နသန်ပါ ဗစ်ထိုရီ...လှပတဲ့အိပ်မက်​တွေထဲမှာ ငါမပါလည်းမင်း​ပျော်​နေတာကို စိတ်ချချင်တယ်' ဟု လက်​ရေးခပ်​သော့​သော့ဖြင့်​ရေးထားသည်။

To The Bone(completed)Where stories live. Discover now