29

2.5K 155 10
                                    

​ဂျောင်ကု အသက်မဲ့စွာ​သောမျက်ဝန်းဖြင့် အိပ်ယာထဲမှာလဲ​လျောင်း​နေသည်။အိပ်ယာ​​​ပေါ်တွင်​ရောက်​နေ​သော်လည်း အိပ်​နေခြင်း​တော့မဟုတ်။သ​ဘောကျ​သောလူသား​လေးရဲ့ ကိုယ်သင်းနံ့​တွေစွဲ​နေ​သေးတဲ့ အိပ်ယာခင်းနဲ့​ခေါင်းအုံး​လေး​ကြောင့်ပင်။ထယ်​ယောင်းဖက်အိပ်​နေကျ ​ခေါင်းအုံးအဖြူ​လေးကို​ပွေ့ပိုက်ရင်း ​ဂျောင်ကုမျက်ဝန်း​တွေပြန်စိုစွတ်လာသည်။အတားအဆီး​တွေမရှိ​တော့တဲ့အချစ်ခရီးကို ​ကင်မ့်လက်သွယ်သွယ်​လေးကိုဆွဲပြီး ​လျှောက်ရ​တော့မယ်ဆိုတဲ့စိတ်ကူးက မိနစ်ပိုင်းအတွင်းပင် ​မြူ​တွေလို​ပျောက်ကွယ်သွားရသည်။

​အေးစက်​နေတဲ့ရာသီဥတု​မှာ ဆိုင်ကယ်တစ်စီးဖြင့်ထွက်သွားသည့်​ကင်မ်က အ​နွေးထည်ပါးပါး​လေး​တောင်မပါ​​ပေ။မသွားပါနဲ့လို့လိုက်တားချင်ပါ​သော်လည်း ကင်မ့်နှုတ်ခမ်းပါးထက်ကအမိန့်တစ်ခုနှင့်တင် သူ့​ခြေလှမ်း​တွေကတစ်စင်တီမီတာ​လောက်​တောင် မလှမ်းရဲ​​တော့​ချေ။ကင်မ်ကသူ့​ဖုံးကွယ်မှု​ကြောင့် အရမ်းနာကျင်သွားတာ။ကင်မ့်မျက်ဝန်းလှလှ​လေး​တွေက ​ကြေကွဲ​နေပြီး သူသ​ဘောမကျတဲ့မျက်ရည်​တွေနဲ့။မနာကျင်​စေရဘူးဆိုပြီး ထပ်ပြီးသူ့​ကြောင့်နဲ့ပဲ ကင်မ်နာကျင်ရပြန်သည်။

ဖုံးကွယ်ထားရတဲ့အ​ကြောင်းအရင်း​တွေက အချိန်တန်ရင်ကိုယ်,ကိုယ်တိုင်​ပြောပြချင်လို့ပါ။ကိုယ်တို့​တွေ့ဆုံမှုက ဘယ်​လောက်လှပခဲ့​ကြောင်း ၊ အမှတ်တရ​တွေဟာ ​ပြောမဆုံးနိုင်​အောင်များခဲ့​ကြောင်း ၊ ကင်မ်ထယ်​ယောင်းဆိုတဲ့လူသား​လေးက သူ့ရဲ့ငယ်ဘဝတစ်ခုလုံးဖြစ်ခဲ့​ကြောင်း ၊ ထိုလူသား​လေး​ကြောင့်ပဲ သူ့ဘဝကြီးတစ်ခုလုံးကိုအဓိပ္ပါယ်ရှိ​စေခဲ့​ကြောင်းစသဖြင့် ထိုအ​ကြောင်းအရာ​တွေကို ကင်မ့်လက်​လေးကိုဆုပ်ကိုင်ပြီး ​ပြောပြချင်ခဲ့တာ။ထိုအခါကင်မ်က သူ့ကို​မေးခွန်း​တွေတရဆက်​မေးပြီး အတိတ်ကိုပြန်သတိရဖို့ကြိုးစား​​နေမှာ။ကင်မ်ကအကုန်လုံးကိုမမှတ်မိရင်​တောင် သူတို့မှာ ပျော်ရွှင်ဖွယ်အမှတ်တရ​တွေရှိ​နေခဲ့တယ်ဆိုတာကို သိ​စေချင်သည်။

To The Bone(completed)Where stories live. Discover now