2

3.5K 179 2
                                    

တစ်ခု​သောအခန်းငယ်​လေးမှာ ​ဆေး​ရောင်စုံဖြင့်ဖန်တီးထားတဲ့canvas​တွေက နေရာအပြည့်ယူထားသည်။ဆိုဒ်အကြီးကစလို့ အ​သေး​ဆုံးဆိုဒ်အထိ​နေရာအနှံ့မှာ​ထောင်ထားလျက်ရှိသည်။တစ်စွန်းတစ်စသာဆွဲထား​သော ပန်းချီ​တွေကဘာကိုရည်ညွှန်းမှန်းမသိ​သော်လည်း လူတစ်​ယောက်ရဲ့ခန္ဓါကိုယ်အစိတ်အပိုင်း​တွေဖြစ်ဟန်တူသည်။လှပလွန်းတဲ့မျက်လုံးအိမ်တစ်ခုကိုဆွဲထားသည့် canvasအကြီးကြီးက​တော့ ကုတင်ထက်ကနံရံမှာတည်ရှိသည်။ထိုမျက်လုံးပုံပန်းချီကားက တစ်ကယ့်အစစ်လိုအသက်ဝင်​​​နေပြီး မြင်သူတိုင်းကိုအာရုံကိုညှို့ယူနိုင်သည်အထိ လက်ရာ​မြောက်လွန်းသည်။သိပ်လှတဲ့မျက်လုံးအိမ်ထဲက မျက်ဆန်​ကအညို​ရောင်​လေးဖြစ်​သည်။မျက်ခမ်းစပ်နားက မထင်မရှားမှဲ့အနက်​သေး​သေး​လေးတစ်လုံးက ထိုမျက်လုံးအိမ်ကိုပိုလှ​စေရန်ပံ့ပို့​ပေးထားသည်။မျက်​တောင်​ကော့​ကော့​တွေစီခြယ်ထားတဲ့ မျက်ဝန်းညို​လေးကစိတ်ကူးမဟုတ်ပဲ အပြင်ကလူတစ်​ယောက်ရဲ့မျက်ဝန်းတစ်ဖက်သာဆိုရင် ထိုလူသားကအ​တော်ဆွဲမက်ဖွယ်​ကောင်း​နေမှာအမှန်​ပေ။သို့​သော်တစ်ကယ်ဟုတ်သလား?မဟုတ်သလား?ဆိုတာကို​တော့ ပန်းချီဆရာသာသိလိမ့်မည်။

ထိုမျက်ဝန်းညိုပန်းချီကား​ကြီးအောက်က ကုတင်မှာ​ဂျောင်ကုအိပ်​စက်​နေသည်။မျက်နှာအနှံ့မှာဒဏ်ရာ​တွေပြည့်​နေပြီး ဖူး​ယောင်​နေသည်။

"​​ဆရာဝန်ကပြင်ပဒဏ်ရာကလွဲပြီး...တစ်ခြားစိုးရိမ်စရာမရှိဘူးလို့​ပြောသွားပါတယ်CEO..."

အသက်ခပ်ငယ်ငယ်​ကောင်​လေးတစ်​ယောက်က ​ဂျောင်ကုကိုအားမရစွာကြည့်ရင်းနဲ့​ပြောသည်။ထို​ကောင်​​လေးက ​ဂျောင်ကုရဲ့မန်​နေဂျာ​ဆောဟာနူးဖြစ်သည်။

"​ဆေးရုံမသွားလို့ဖြစ်ရဲ့လား...ဆရာဝန်​ပဲ​ခေါ်ပြ​နေရင်ပြန်သက်သာတာကြာမယ်ထင်တယ်​"

CEOဆိုသူက လဲ​လျောင်း​နေတဲ့​ဂျောင်ကုကိုကြည့်ပြီး သက်ပျင်းချ၍​ပြောသည်။

"ကျွန်​တော်လည်း​အစ်ကို့ကိုပြောပါ​သေးတယ်...အတင်းမသွားချင်ဘူးပဲငြင်း​နေတာ"

To The Bone(completed)Where stories live. Discover now