စုံထောက်ယူဟန်မင်းနဲ့တွေ့နေကျကော်ဖီဆိုင်မှာ ဂျောင်ကုစိတ်လှုပ်ရှားစွာစောင့်နေသည်။ကင်မ့်စုံစမ်းရေးနဲ့ပတ်သက်ပြီး အကြောင်းထူးမှသာတွေ့နေကျမို့ စုံထောက်ယူဆီကနေတစ်ခုခုသိရမှာသေချာသည်။
"ကားပိတ်နေလို့ကျွန်တော်နည်းနည်းနောက်ကျသွားတယ်....တောင်းပန်ပါတယ်"
ပြေးလွှားလာပုံရတဲ့စုံထောက်ယူကြောင့် ပြုံးရင်းနဲ့ပဲခေါင်းခါပြပြီး ကြိုမှာပေးထားတဲ့ကော်ဖီခွက်ကို ရှေ့သို့တိုးပေးလိုက်သည်။သူပေးတဲ့ကော်ဖီကိုတစ်ငုံသောက်ပြီး စာအုပ်အနက်လေးကိုထုတ်နေတဲ့စုံထောက်ယူကြောင့် ရင်ထဲမှာတထိပ်ထိပ်ဖြစ်လာသည်။
"ကင်မ်ထယ်ယောင်းရဲ့ တရားဝင်မွေးစားခွင့်ကိုလုပ်ပေးခဲ့တဲ့ရှေ့နေ့ကို...ကျွန်တော်စုံစမ်းလို့ရပါပြီ"
ဂျောင်ကု လက်ချောင်းတွေကိုပွတ်သပ်ရင်း လေပူတွေမှုတ်ထုတ်ရင်းနဲ့ပဲ ခေါင်းညိတ်ပြလိုက်သည်။ကြားရမယ့်စကားတွေအတွက် သူ့ရင်တွေအခုန်မြန်နေသည်။
"အဲ့ရှေ့နေကဂဎဏနဘာမှမသိပါဘူး...ပြီးတော့အုပ်ထိန်းခွင့်လွှဲပြောင်းယူခဲ့တဲ့...ချွဲမူယောင်းနဲ့မင်ဆောလီကလည်း ကိုရီးယားနိုင်ငံသားတွေပါ...မာသာကိုပြောသလိုအမေရိကန်နိုင်ငံသားတွေမဟုတ်ပါဘူး...သူတို့ကိုတော့လောလောဆယ်စုံစမ်းနေဆဲပါ"
"ဘာ!...ဒါဆိုအဲ့ရှေ့နေကဘာကြောင့်!"
ဒေါသထွက်လွန်းလာတာကြောင့် ကော်ဖီခွက်ကိုကျစ်နေအောင်ဆုပ်ကိုင်ပြီး မနည်းပြန်ထိန်းလိုက်ရသည်။ဒါတွေကအလိမ်အညာတွေဆို ကင်မ့်ကိုသူတို့ဘာလုပ်လိုက်ကြတာလဲ?ဆေးရုံအုပ်ဆိုတဲ့လူက သူ့သူငယ်ချင်းတွေပါဆိုပြီး သေချာမိတ်ဆက်ပေးခဲ့တာမလား?အမှန်တရားကဘာတွေလဲ?
"ကျွန်တော်အဲ့ရှေ့နေ့နဲ့တွေ့ပြီးပါပြီ...ပိုက်ဆံကြောင့်လုပ်ပေးခဲ့တာလို့ပြောပါတယ်...သူလည်းအဲ့ဒါအပြင်ဘာမှမသိပါဘူး...ပြီးတော့အဲ့နေ့ကမှတ်တမ်းကိုလည်း...ဆေးရုံအုပ်ကင်မ်ဂျယ်အုက ဖျက်ခိုင်းလို့ဖျက်လိုက်တယ်လို့ပြောတယ်...အဲ့ဒါလည်းကျွန်တော်စစ်ပြီးပါပြီ...တစ်ကယ်အဲ့နေ့စွဲနဲ့မှတ်တမ်းမရှိတော့ပါဘူး...အခုသူလည်းကျွန်တော်တို့နဲ့ပူးပေါင်းပေးမယ်ပြောပါတယ်...အဖြစ်မှန်ပေါ်ခဲ့ရင်အမှန်တရားဘက်ကထွက်ဆိုပေးမယ်လို့ကတိပေးခဲ့တယ်"
