ဝါကျင့်ကျင့်မီးအလင်းရောင်သာရပြီး ပန်းချီကားတွေနဲ့ပြည့်နေတဲ့အခန်းငယ်ထဲမှာ ဂျောင်ကု မှိုင်တွေတွေဖြင့်ရပ်နေသည်။နံရံထက်ကပန်းချီကားတွေက ကင်မ်ထယ်ယောင်းဆိုသောကောင်လေးရဲ့ပုံတူတွေသာဖြစ်ပြီး ကလေးအသုံးအဆောင်ပစ္စည်းတစ်ချို့ကလည်း စင်ပေါ်မှာသပ်သပ်ရပ်ရပ်နဲ့တည်ရှိနေသည်။ထိုပန်းချီကားတွေ ၊ပစ္စည်းတွေကို ငေးမောကြည့်နေရင်း ဂျောင်ကုမျက်လုံးဝိုင်းတွေမှာ မျက်ရည်ကြည်တွေဝေ့ဝဲလာသည်။အတိတ်တွေကရင်နာစရာကောင်းလွန်းပေမယ့် ကင်မ်နဲ့ပတ်သက်နေသမျှကို သူကရင်နာနာနဲ့ပဲ တယုတယတန်ဖိုးခဲ့တာ။လက်ရာမြောက်တဲ့သူ့ပန်းချီကားတွေကြားထဲမှာ မညီမညာဆေးရောင်စုံဖြင့်ဆွဲထားတဲ့စာရွက်လေးကို သူမှန်ဘောင်သွင်းထားပြီး သေချာချိတ်ဆွဲထားသည်။ထိုစာရွက်ပိုင်းလေးက ဆံပင်ကောက်ကောက်လေးမထွက်သွားခင်မှာ သူ့ကိုဆွဲပေးခဲ့တာဖြစ်သည်။ပုံထဲမှာ ဆံပင်ကောက်ကောက်လေးက အင်္ကျီအနီလေးနဲ့ဖြစ်ပြီး သူကတော့ဆံပင်အုပ်အုပ်၊အင်္ကျီအပြာနဲ့ဖြစ်သည်။ရုပ်လုံးသေချာမပေါ်တဲ့ထိုရုပ်ပုံနှစ်ပုံမှာ လခြမ်းပက်လက်လန်နေတဲ့ပုံစံလိုမျိုး အပြုံးကြီးကြီးတွေကိုတော့ အထင်အရှားတွေ့နိုင်သည်။
အတိတ်ကကင်မ့်ကိုပြန်သတိရမိတော့ သူ့မျက်ရည်တွေကအလိုအလျောက်ကျပြန်သည်။ထိုပန်းချီကားတွေနဲ့ ကင်မ်သေးသေးရဲ့အသုံးအဆောင်တွေကို ဖုန်မတက်စေရန်သေချာသန့်ရှင်းရေးလုပ်ပြီး သူပြန်ထွက်လာခဲ့သည်။ဒါသည် သူပုံမှန်လုပ်နေကျ အလုပ်တစ်ခုဖြစ်သည်။
ကင်မ်ကသူ့ငယ်ဘဝကို ဆေးရောင်စုံခြယ်ပြီးလှပစေခဲ့သလို အခုလည်းအနာဂတ်မှာလှပစေဖို့ ဆေးရောင်စုံတွေနဲ့အတူပြန်လာပေးခဲ့သည်။ကင်မ်ကသူ့အတွက်အရာရာပါပဲ။တန်ဖိုးထားပြီးရင်းထားမိနေတာက ကတိအတိုင်းအနားကိုပြန်လာပေးခဲ့တဲ့ ကင်မ့်ကြောင့်ပါ။တစ်နေ့တော့ ဒီအခန်းထဲကလျှို့ဝှက်ချက်တွေကို ကင်မ့်ကိုပြောပြပြီး အံ့သြသွားမယ့်ကင်မ့်ကို အသည်းတယာယားဖြင့် ချော့မြူရမည်ကို ကြိုစိတ်ကူးယဥ်မိတော့ ရင်ထဲမှာကြည်နူးမှုတွေလှိုက်တက်လာရသည်။ရင်ထဲကကြည်နူးရခြင်းတွေသည် ကင်မ့်ကြောင့်ဖြစ်သည်။
