6

2.1K 136 13
                                    

မက်မွန်ပွင့်​ဖတ်တွေ​နဲ့ ပန်းနု​ရောင်လွှမ်း​နေတဲ့​ဂေဟာဝန်းက တီတီတာတာရယ်သံချိုချို​တွေနဲ့ ပြည့်နှက်​နေသည်။အဖြူ​ရောင်ထက်ပိုဖြူစင်တဲ့ပန်း​လေး​တွေရဲ့မျက်နှာ​လေး​တွေက  အစွမ်းကုန်ပြုံးရွှင်​နေကြပြီး ​ပြေးလွှား​ဆော့ကစား​နေကြသည်။ထိုပန်း​လေး​တွေမှာ စိုးရိမ်စရာလည်းမရှိ၊​တွေးပူစရာလည်းမရှိ၊​နောင်တဆိုတာလည်းမရှိ​ပေ။မတရားချစ်ဖို့​ကောင်းပြီး အပြစ်ကင်းတဲ့ဖြစ်တည်မှု​လေး​တွေ​ပေါ့။

ထိုပန်း​ဖြူဖြူ​လေး​တွေကိုကြည့်ပြီး မာသာ​ဒေစီမှာအရင်လိုမပြုံးရွှင်နိုင်။သူမရဲ့​နေ့စဥ်ဝတ်ပြုဆု​တောင်းခြင်းကလည်း ဘုရားသခင်ဆီကမျက်ကွယ်ပြုခံထားရသည်ထင်...မဖြစ်လာ​စေချင်တဲ့ကိစ္စကို ရင်အနာခံ​​​ပြီးခံစားခိုင်း​စေသည်။

သိပ်ဖြူစင်တဲ့ပန်း​လေး​​တွေမို့ ထပ်မလှည့်စားပါနဲ့​တော့ဘုရားသခင်ရယ်။

"မာသာ...သားရောက်ပါပြီ"

အသံချိုချို​လေးကြားရ​တော့မှ အ​တွေး​တွေက​​နေရုန်းထွက်မိသည်။​အခုသူမနားမှာရပ်​နေတာက ​ဂျောင်ကု​လေးဖြစ်သည်။

"မာသာတို့...မက်မွန်ပင်​အောက်ကထိုင်ခုံမှာထိုင်ကြရ​အောင်​"

"ဟုတ်ကဲ့ မာသာ"

မာသာ​ဒေစီကဂျောင်ကုလက်ကိုဆွဲ၍ မက်မွန်ပင်​အောက်ကထိုင်ခုံတန်းဆီ​လျှောက်သွားသည်။ထိုင်ခုံမှာနှစ်​ယောက်သားထိုင်​နေသည့်တိုင် ​ဂျောင်ကု​လေးကို​ပြောရမယ့်စကား​တွေကို ​သေချာစဥ်းစား​နေမိသည်။က​လေးတစ်​ယောက်နားလည်​အောင် သူမဘယ်လိုများရှင်းပြရမလဲဆိုတာ အခက်​တွေ့​နေသည်။

လွန်ခဲ့တဲ့နှစ်ရက်က ​ဆေးရုံအုပ်ဆီက​နေကြားလိုက်ရတဲ့သတင်းက သူမကိုတစ်ရက်လုံးငို​ကြွေး​စေသည်အထိပြင်းထန်ခဲ့သည်။

လွန်ခဲ့​သောနှစ်ရက်ခန့် ဟန်​ဆောင်း​အ​​ထွေ​ထွေ​​ရောဂါကုဆေးရုံ၌

"မင်္ဂလာပါမာသာ"

​"ဟုတ်ကဲ့...မင်္ဂလာပါရှင့်"

ထယ်​ယောင်း​လေးနဲ့အတူ​​ဆေးရုံသို့ ​နောက်တစ်ခါလာခိုင်းတာ​ကြောင့် သူမအတွက်ထူးဆန်း​နေသည်။အခုလည်း ထယ်​ယောင်း​လေးကို ​​​ဆေးစစ်စရာရှိတယ်ဆိုပြီး စစ်​နေကြပြန်သည်။

To The Bone(completed)Where stories live. Discover now