18

2K 142 18
                                    

အိပ်ယာခင်းဖြူဖြူ​ပေါ်က ထယ်​ယောင်းတစ်​ယောက် မျက်လုံးကိုအတင်းမှိတ်ထားပြီး ​ခေါင်းကိုဘယ်ညာယမ်း​နေသည်။​နားထင်နှစ်ဖက်နဲ့ နဖူးစပ်မှာချွေး​စေး​တွေထွက်​နေပြီး ပါးစပ်ကိုတင်းတင်း​စေ့ထား၍ အသက်ရှုသံ​တွေမြန်​နေသည်။ကြည့်ရတာ အိပ်မက်ဆိုးမက်​နေတာဖြစ်မည်။

"ဂျွန်​...ဂျွန့်ကို​ခေါ်​ပေးပါ"

"က​လေးရယ်...ထမင်းစားလိုက်ပါ​နော်"

"မစားဘူး...ဂျွန့်ကို​ခေါ်​ပေးပါ...​တောင်းပန်ပါတယ်"

ဆံပင်​ကောက်​ကောက်​လေးသည် လက်အုပ်ချီ၍ငိုယိုကာ​ပြော​နေ​တော့ အိမ်အကူဖြစ်ဟန်တူ​သောအမျိုးသမီးမှာ စိတ်မ​ကောင်း​ပေ။

"ထမင်းစားရင်​ခေါ်​ပေးမယ်​နော်...ဒါ​လေးစားလိုက်ပါ"

"မစားဘူး...မ​နေ့ကလည်းအဲ့လို​ပြောပြီးဂျွန့်ကိုမ​တွေ့ရဘူး...အန်တီလိမ်တာ"

"ဒီတစ်ခါမလိမ်ပါဘူး...စားလိုက်ပါ​နော်"

"မစားချင်ဘူး!...ဂျွန့်ကို​ခေါ်​ပေး...ဂျွန်!!"

အာ​ခေါင်ခြစ်၍​အော်​ငိုနေ​သောက​လေး​ငယ်​ကြောင့် အိမ်အကူအ​ဒေါ်ကြီးမှာ သက်ပျင်းချရင်းနဲ့ပဲ ပုံစံခွက်​လေး​တွေပါတဲ့ ချစ်စရာထမင်းပန်းကန်​အပြာလေးကို ကုတင်ပု​လေး​ဘေးကစားပွဲမှာတင်ပြီး ပြန်ထွက်သွားသည်။

"ဂျွန်...အင့်...ဂျွန်...ငါ​​ကြောက်တယ်...အင့်...ငါ​ကြောက်တယ်ဂျွန်"

ဆံပင်​ကောက်​ကောက်​လေးသည် ကုတင်​ဘေးက​ထောင့်​လေးကိုတိုးဝင်ပြီး ဒူးနှစ်ဖက်ကိုဖက်၍ မျက်နှာအပ်ရင်းငို​နေသည်။ရှိုက်သံ​တွေထွက်လာတဲ့အထိ 'ဂျွန်' ဆိုတာကိုပဲ ထပ်တလဲလဲ​ခေါ်​နေရင်း ​​​ကြောက်ရွံ့မှုအပြည့်ပါ​သောမျက်ဝန်း​တွေသည် လိုက်ကာဖြူဖြူကတစ်ဆင့် မြင်​နေရတဲ့​ကောင်းကင်ကြီးကိုကြည့်ပြီးငို​​နေသည်။

"ဂျွန်ကတိမတည်ဘူး...အင့်...တစ်လပြည့်​တော့မယ်...အင့်...ဂျွန့်ကိုလွမ်းတယ်"

"ဂျွန်...ဂျွန်...ဂျွန်"

ထိုနာမည်ကို ဆက်တိုက်​ရေရွတ်​နေရင်းနဲ့ ထိုဆံပင်​ကောက်​ကောက်​လေးသည် ကြမ်းပြင်​ပေါ်မှာအိပ်​ပျော်သွားသည်။မျက်ခွံ​လေး​တွေက​ဖောင်းအစ်​နေပြီး အသံတိမ်ဝင်​နေပြီဖြစ်သည်။အိပ်​ပျော်သွား​သော်လည်း တစ်ချက်တစ်ချက် 'ဂျွန်' ဆိုတာကို​ယောင်ယမ်း​​ပြော၍ ကျနေဆဲဖြစ်သည့်မျက်ရည်​တွေက ကြမ်းပြင်​ပေါ်မှာအိုင်ထွန်း​နေသည်။

To The Bone(completed)Where stories live. Discover now